Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 20:1

Common Language Bible

တ​နင်္ဂ​နွေ​နေ့​မိုး​မ​လင်း​မီ​မှောင်​လျက်​နေ​သေး စဉ်​အ​ခါ​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​သည်​သင်္ချိုင်း တော်​သို့​လာ​ရာ​ဂူ​ဝ​မှ​ကျောက်​တုံး​ကို​ဖယ် ရှား​ထား​သည်​ကို​တွေ့​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​အ​ထဲ​တွင်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ နှင့်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​အ​မိ​တို့​ပါ​ကြ​၏။

ထို​နောက်​ကျောက်​ဆောင်​၌​မ​ကြာ​မီ​က​ထွင်း​ထား​သည့် မိ​မိ​သင်္ချိုင်း​ဂူ​တွင်​သင်္ဂြိုဟ်​ကာ ဂူ​ဝ​ကို​ကျောက်​တုံး​တစ်​ခု လှိမ့်​၍​ပိတ်​ထား​လိုက်​ပြီး​နောက်​ပြန်​သွား​လေ​သည်။-

သို့​ဖြစ်​၍​သုံး​ရက်​မြောက်​သော​နေ့​အ​ထိ​သင်္ချိုင်း​ဂူ ကို​လုံ​ခြုံ​စွာ​ပိတ်​၍​စောင့်​ကြပ်​စေ​ရန်​အ​မိန့်​ပေး တော်​မူ​ပါ။ သို့​မ​ဟုတ်​ပါ​မူ​သူ​၏​တ​ပည့်​များ​သည် လာ​၍​ရုပ်​အ​လောင်း​ကို​ခိုး​ယူ​ကာ​သူ​သည်​သေ​ခြင်း မှ​ထ​မြောက်​လေ​ပြီ​ဟု​လူ​တို့​အား​ပြော​ကြ​လိမ့်​မည်။ ထို​အ​ခါ​နောက်​ဆုံး​လှည့်​စား​ချက်​သည်​ပ​ထ​မ လှည့်​စား​ချက်​ထက်​ပို​၍​ဆိုး​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။

သို့​ဖြစ်​၍​ထို​သူ​တို့​သည် သင်္ချိုင်း​ဂူ​သို့​သွား​ပြီး​လျှင် ကျောက်​တုံး​ကို​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကာ သင်္ချိုင်း​ဂူ​ကို လုံ​ခြုံ​စွာ​ပိတ်​ထား​ကြ​၏။ ထို​နောက်​စောင့်​ကြပ်​ရန် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​ကြ​၏။

ဥ​ပုသ်​နေ့​ကုန်​လွန်​ပြီး​နောက်​တ​နင်္ဂ​နွေ​နေ့​မိုး​လင်း စ​ပြု​သော​အ​ခါ မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့် အ​ခြား​မာ​ရိ​တို့​သည်​သင်္ချိုင်း​တော်​သို့​လာ​ကြ​၏။-

ထို​အ​ချိန်​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​လေ​သည်။ ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​လာ​၍ သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်​တုံး ကို​လှိမ့်​ဖယ်​လိုက်​ပြီး​လျှင်​ထို​ကျောက်​တုံး​ပေါ်​မှာ ထိုင်​နေ​၏။-

ယော​သပ်​သည်​ပိတ်​ချော​ကို​ဝယ်​ပြီး​လျှင် အ​လောင်း တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ​ချ​၍​ထို​ပိတ်​ဖြင့် ပတ်​၏။ ထို​နောက်​ကျောက်​ဆောင်​ကို​ထွင်း​ထား​သည့် သင်္ချိုင်း​ဂူ​တွင် သင်္ဂြိုဟ်​ကာ​ဂူ​ဝ​ကို​ကျောက်​တုံး ကြီး​လှိမ့်​၍​ပိတ်​ထား​လိုက်​၏။-

[တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။-

သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​သင်္ချိုင်း​ဂူ​သို့​ကြွ​တော်​မူ​၏။ ထို ဂူ​၏​အ​ဝင်​ဝ​ကို​ကျောက်​တုံး​ဖြင့်​ပိတ်​ထား​၏။-

သို့​ဖြစ်​၍​လူ​တို့​သည်​ကျောက်​တုံး​ကို​ရွှေ့​လိုက် ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​အ​ထက် သို့​မျှော်​ကြည့်​လျက် ``ခ​မည်း​တော်၊ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​၏​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကြီး​ပါ​၏။-

ထို​အ​ခါ​ကိုယ်​တော်​၏​မယ်​တော်​နှင့်​မယ်​တော် ၏​ညီ​မ​သည်​လည်း​ကောင်း၊ က​လော​ဖ​၏​ဇ​နီး ဖြစ်​သူ​မာ​ရိ​နှင့်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ သည်​လည်း​ကောင်း သ​ခင်​ယေ​ရှု​၏​လက်​ဝါး ကပ်​တိုင်​အ​နီး​တွင်​ရပ်​လျက်​နေ​ကြ​၏။-

ထို​နောက်​ရက်​သတ္တ​တစ်​ပတ်​ကြာ​သော်​တ​ပည့် တော်​တို့​သည် အိမ်​အ​တွင်း​မှာ​စု​ဝေး​လျက်​ရှိ ကြ​၏။ သော​မ​လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​၏။ တံ​ခါး​များ​ပိတ်​ထား​လျက်​ရှိ​၏။ သို့​ရာ​တွင် သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​သူ​တို့ ၏​အ​လယ်​တွင်​ရပ်​တော်​မူ​ပြီး​လျှင် ``သင်​တို့ ၌​ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော် မူ​၏။-

ကျွန်ုပ်​တို့​သည်​စ​နေ​နေ့​ည​နေ​၌​မိတ်​သ​ဟာ ယ​စား​ပွဲ​ဝင်​ရန်​အ​တွက်​စု​ဝေး​ကြ​၏။ ပေါ​လု သည်​နောက်​တစ်​နေ့​တွင်​ထို​မြို့​မှ​ထွက်​ခွာ​သွား ရန်​အ​ကြံ​ရှိ​သ​ဖြင့် သန်း​ခေါင်​အ​ချိန်​တိုင် အောင်​လူ​တို့​အား​ဟော​ပြော​လျက်​နေ​၏။-

ငါ​ရောက်​ရှိ​လာ​သော​အ​ခါ​အ​လှူ​ငွေ​ကောက်​ခံ​ဖို့ မ​လို​စေ​ရန် တ​နင်္ဂ​နွေ​နေ့​တိုင်း​သင်​တို့​တစ်​ဦး​စီ သည် မိ​မိ​၏​ဝင်​ငွေ​နည်း​များ​အ​လိုက်​လှူ​ဒါန်း​ရန် စု​ဆောင်း​ထား​ကြ​လော့။-

သ​ခင်​ဘု​ရား​နေ့​၌​ဝိ​ညာဉ်​တော်​သည် ငါ့ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​လျက် ငါ​သည် တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သော​အ​သံ​ကြီး တစ်​ခု​ကို​ငါ့​နောက်​၌​ကြား​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ