Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 19:42

Common Language Bible

ထို​နေ့​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​အ​ဖိတ် နေ့​ဖြစ်​သော​ကြောင့် အ​လောင်း​တော်​ကို​အ​နီး တွင်​ရှိ​သည့်​ထို​ဂူ​၌​ပင်​သင်္ဂြိုဟ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​မြေ​မှုန့် ကဲ့​သို့ ခြောက်​လျက်​ကျွန်​တော်​မျိုး​၏​လျှာ​သည်​လည်း အာ​ခေါင်​တွင်​ကပ်​၍​နေ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​သေ​စေ​ရန် မြေ​မှုန့်​တွင်​စွန့်​ပစ်​ထား​တော်​မူ​ပါ​ပြီ။

သူ​သည်​ရာ​ဇ​ဝတ်​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ ကူး​လွန်​ခဲ့​ဖူး​သည်​မ​ရှိ။ မု​သား​ကို​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​မ​သုံး စွဲ​ခဲ့။ သို့​ရာ​တွင်​သူ​သည်​ငါ​တို့​အ​မျိုး​သား​တို့ ၏ အ​ပြစ်​များ​အ​တွက်​သေ​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ရ​၍၊ ရာ​ဇ​ဝတ်​ကောင်​များ​နှင့်​အ​တူ​သင်္ဂြိုဟ်​ခြင်း ကို​လည်း​ကောင်း၊ သူ​ဌေး​သူ​ကြွယ်​များ​နှင့်​အ​တူ​မြှုပ်​နှံ​ခြင်း ကို​လည်း​ကောင်း​ခံ​ရ​လေ​သည်။''

ယော​န​သည်​ငါး​ကြီး​၏​ဝမ်း​ထဲ​တွင်​သုံး​ရက်​တိုင် တိုင်​နေ​ရ​သ​ကဲ့​သို့ လူ​သား​သည်​လည်း​မြေ​ကြီး ထဲ​တွင်​သုံး​ရက်​နေ​ရ​လတ္တံ့။-

ထို​အ​ချိန်​ကား​ပ​သ​ခါ​ပွဲ​အ​ကြို​နေ့၊ မွန်း​တည့် ခါ​နီး​ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​က ``ကြည့် ကြ​လော့၊ ဤ​မှာ​သင်​တို့​၏​ရှင်​ဘု​ရင်​တည်း'' ဟု​ယု​ဒ​အ​မျိုး​သား​တို့​အား​ဆို​၏။

သ​ခင်​ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင် ၍​သတ်​သည့်​အ​ရပ်​မှာ​မြို့​နှင့်​နီး​ကပ်​သ​ဖြင့် လူ​အ​များ​ပင်​ထို​ကမ္ပည်း​လိပ်​စာ​ကို​ဖတ် ကြည့်​ကြ​၏။ ကမ္ပည်း​လိပ်စာ​ကို​ယု​ဒ​ဘာ​သာ၊ လက်​တင်​ဘာ​သာ​နှင့်​ဂ​ရိ​ဘာ​သာ​တို့​ဖြင့် ရေး​သား​ထား​သည်။-

ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​ထား​သူ​များ​၏​ခြေ​တို့​ကို​ချိုး​၍ အ​လောင်း​များ​ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ရန် ပိ​လတ်​မင်း​အား​တောင်း​လျှောက်​ကြ​၏။ သူ​တို့ ဤ​သို့​တောင်း​လျှောက်​ကြ​ရ​ခြင်း​မှာ​ထို​နေ့ သည်​အ​ဖိတ်​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌ အ​လောင်း များ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​မ​ရှိ​စေ​လို သော​ကြောင့်​လည်း​ကောင်း၊ ထို​ဥ​ပုသ်​နေ့​သည် လည်း​နေ့​ထူး​နေ့​မြတ်​ဖြစ်​သော​ကြောင့် လည်း​ကောင်း​ဖြစ်​ပေ​သည်။-

ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ် သည့်​အ​ရပ်​၌​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ ထို​ဥ​ယျာဉ် တွင်​မည်​သူ​ကို​မျှ​မ​သင်္ဂြိုဟ်​ဘူး​သေး​သည့် သင်္ချိုင်း​ဂူ​တစ်​ခု​ရှိ​၏။-

သူ​တို့​သည်​ထို​အ​ရှင်​နှင့်​ပတ်​သက်​၍ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သ​မျှ​သော​အ​ရာ​တို့ ကို​ပြု​ကြ​ပြီး​နောက် ထို​အ​ရှင်​၏​တ​ပည့်​တို့ သည်​အ​လောင်း​တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ ချ​၍​သင်္ချိုင်း​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။-

ကိုယ်​တော်​သည်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပြီး​နောက် ကျမ်း​စာ​လာ​သည်​အ​တိုင်း​သုံး​ရက်​မြောက် သော​နေ့​၌ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ကြောင်း၊-

သင်​တို့​သည်​ဗတ္တိ​ဇံ​ခံ​သော​အ​ခါ​ကိုယ်​တော်​နှင့် အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ကြ​၏။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​၌ ရှင်​ပြန်​ထ​မြောက်​စေ​နိုင်​သော တန်​ခိုး​တော်​ကို​သင်​တို့​ယုံ​ကြည်​ကြ​သော​ကြောင့် ကိုယ်​တော်​နှင့်​အ​တူ​ရှင်​ပြန်​ထ​မြောက်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ