Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 19:19

Common Language Bible

ပိ​လတ်​မင်း​သည်​ကမ္ပည်း​လိပ်​စာ​ရေး​၍​ကိုယ်​တော် ၏​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​ကပ်​ထား​စေ​၏။ ထို ကမ္ပည်း​လိပ်​စာ​ကား ``ယု​ဒ​ဘု​ရင်၊ နာ​ဇ​ရက်​မြို့ သား​ယေ​ရှု'' ဟူ​၍​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

နာ​ဇ​ရက်​နာ​မည်​တွင်​သော​မြို့​တွင်​နေ​ထိုင်​လေ​၏။ သို့​ဖြစ်​၍ ``ကိုယ်​တော်​အား​နာ​ဇ​ရက်​မြို့​သား​ဟု ခေါ်​ဝေါ်​ကြ​လတ္တံ့'' ဟူ​သော​ပ​ရော​ဖက်​များ​၏ ဟော​ကြား​ချက်​မှန်​ကန်​၍​လာ​သ​တည်း။

ကိုယ်​တော်​အား​စွဲ​ချက်​တင်​သည့်​အ​ပြစ်​ကို​ဦး​ခေါင်း တော်​အ​ထက်​တွင် ``ဤ​သူ​ကား​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​၏'' ဟူ​၍​ကမ္ပည်း​ရေး​ထိုး​ထား​ကြ​၏။-

ကိုယ်​တော်​၏​ပြစ်​မှု​ကို​ကမ္ပည်း​ရေး​ထိုး​၍​လက်​ဝါး ကပ်​တိုင်​အ​ထက်​တွင်​တင်​ထား​သည်​ကား ``ယု​ဒ ရှင်​ဘု​ရင်'' ဟူ​၍​ဖြစ်​သ​တည်း။-

လူ​တို့​က​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကြွ​လာ တော်​မူ​လျက်​ရှိ​ကြောင်း​ပြော​ကြ​၏။

ကိုယ်​တော်​၏​ဦး​ခေါင်း​အ​ထက်​တွင် ``ဤ​သူ​ကား ယု​ဒ​ရှင်​ဘု​ရင်​ပေ​တည်း'' ဟု​ကမ္ပည်း​ရေး​ထိုး ထား​ကြ​၏။

ထို​အ​ခါ​နာ​သ​နေ​လ​က ``အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ပါ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏'' ဟု​လျှောက်​လေ​၏။

ပိ​လတ်​မင်း​သည်​အိမ်​တော်​ထဲ​သို့​ပြန်​၍​ဝင် ပြီး​လျှင်​သ​ခင်​ယေ​ရှု​အား​ခေါ်​ယူ​ကာ ``သင် သည်​ယု​ဒ​ရှင်​ဘု​ရင်​ပေ​လော'' ဟု​မေး​၏။

ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​ပိ​လတ်​မင်း​သည် ကိုယ်​တော်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ရန် နည်း​လမ်း​ရှာ​ကြံ​လေ​တော့​၏။ သို့​ရာ​တွင်​လူ ထု​က ``ထို​သူ​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ပါ​မူ​အ​ရှင်​မင်း​ကြီး​သည်​ဧ​က​ရာဇ်​မင်း​၏ အ​ဆွေ​တော်​မ​ဟုတ်​တော့​ပြီ။ မည်​သူ​မ​ဆို မိ​မိ​ကိုယ်​ကို​ရှင်​ဘု​ရင်​ဟု​ဆို​သူ​သည် ဧ​က​ရာဇ်​မင်း​ကို​ပုန်​ကန်​သူ​ဖြစ်​ပါ​၏'' ဟု ဟစ်​အော်​ကြ​၏။

ထို​အ​ချိန်​ကား​ပ​သ​ခါ​ပွဲ​အ​ကြို​နေ့၊ မွန်း​တည့် ခါ​နီး​ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​က ``ကြည့် ကြ​လော့၊ ဤ​မှာ​သင်​တို့​၏​ရှင်​ဘု​ရင်​တည်း'' ဟု​ယု​ဒ​အ​မျိုး​သား​တို့​အား​ဆို​၏။

ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​က ``ယု​ဒ​ဘု​ရင် ဟူ​၍​ရေး​တော်​မ​မူ​ပါ​နှင့်။ `ဤ​သူ​က​ငါ သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​သည်​ဟု​ဆို​သည်' ဟူ​၍​သာ​ရေး​တော်​မူ​ပါ'' ဟု​ပိ​လတ်​မင်း အား​လျှောက်​ထား​ကြ​၏။

အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``ယု​ဒ​ရှင်​ဘု​ရင်၊ သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ဆို​၍​ပါး​တော် ကို​ရိုက်​ကြ​၏။

``အ​ကျွန်ုပ်​ကိုယ်​တိုင်​ပင်​လျှင် နာ​ဇ​ရက်​မြို့ သား​ယေ​ရှု​၏​နာ​မ​တော်​နှင့်​ဆန့်​ကျင်​သည့် အ​မှု​များ​ကို​ပြု​သင့်​သည်​ဟု​ယူ​ဆ​ခဲ့​ပါ​၏။-

သို့​ရာ​တွင်​ပေ​တ​ရု​က``ငါ့​မှာ​ရွှေ​ငွေ​မ​ရှိ။ သို့​သော်​ရှိ​သည့်​အ​ရာ​ကို​သင့်​အား​ငါ​ပေး မည်။ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​၏​နာ​မ​တော် အား​ဖြင့်​ထ​၍​လှမ်း​သွား​လော့'' ဟု​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ