Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 19:18

Common Language Bible

ထို​အ​ရပ်​မှာ​ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ​အ​ခြား သူ​နှစ်​ယောက်​ကို​လည်း​ကိုယ်​တော်​၏​လက်​ယာ ဘက်​တွင်​တစ်​ယောက် လက်​ဝဲ​ဘက်​တွင်​တစ်​ယောက် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ ကိုယ်​တော်​ကို​မူ​ကား​အ​လယ်​တွင်​ထား သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

လူ​ဆိုး​တစ်​စု​သည်​ကျွန်​တော်​မျိုး​ကို ဝိုင်း​ထား​ကြ​ပါ​၏။ သူ​တို့​သည်​တော​ခွေး​အုပ်​ကဲ့​သို့​ကျွန်​တော်​မျိုး အ​နီး​သို့​ချဉ်း​ကပ်​လာ​ပြီး​လျှင် ကျွန်​တော်​မျိုး​၏​ခြေ​လက်​များ​ကို​ကိုက်​ဖြတ် ကြ​ပါ​၏။

သို့​ဖြစ်​၍​ငါ​သည်​သူ့​အား​ကြီး​မြတ်​သူ၊ တန်​ခိုး​ကြီး သူ​များ​နှင့်​အ​တူ၊ ဂုဏ်​ထူး​ဆောင်​နေ​ရာ​ကို​ပေး​အပ်​တော်​မူ​မည်။ သူ​သည်​မိ​မိ​၏​အ​သက်​ကို​သဒ္ဓာ​ကြည်​ဖြူ​စွာ စွန့်​လှူ​ပြီး​လျှင်၊ ရာ​ဇ​ဝတ်​ကောင်​တို့​၏​ကံ​ကြမ္မာ​ကို​ခံ​ယူ​၏။ သူ​သည်​အ​ပြစ်​ကူး​သူ​များ​ကို​ကိုယ်​စား​ပြု​၍ ထို​သူ​တို့​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ယူ ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​တင် ခံ​ရ​သူ​ဋ္ဌား​ပြ​များ​က​ပင်​လျှင် ထို​နည်း​တူ​ကိုယ် တော်​ကို​ပြောင်​လှောင်​ကြ​၏။

(ဤ​သို့​လျှောက်​ကြ​ခြင်း​မှာ​မိ​မိ​အ​ဘယ်​သို့ သေ​ရ​မည်​ကို​သ​ခင်​ယေ​ရှု​မိန့်​မြွက်​ဖော်​ပြ​ခဲ့ သည့်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။)

ထို့​ကြောင့်​စစ်​သား​များ​သည်​လာ​၍​သ​ခင်​ယေ​ရှု နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​တင်​ခံ​ရ​သော ပ​ထ​မ​လူ​၏​ခြေ​များ​ကို​ချိုး​ပြီး​လျှင် အ​ခြား တစ်​ယောက်​၏​ခြေ​များ​ကို​လည်း​ချိုး​ကြ​၏။-

ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ရည်​ရွယ်​ပြ​ဋ္ဌာန်း​ချက် နှင့်​အ​ညီ သ​ခင်​ယေ​ရှု​ကို​ရန်​သူ​လက်​သို့​ပေး အပ်​တော်​မူ​၏။ သင်​တို့​သည်​အ​ပြစ်​ကူး​သူ​တို့ လက်​ဖြင့် ထို​အ​ရှင်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ခဲ့​ကြ​၏။-

``သစ်​တိုင်​ပေါ်​မှာ​ဆွဲ​၍​အ​သတ်​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​ဖြစ်​၏'' ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကျိန်​စာ​သင့်​သူ​အ​ဖြစ်​ကို​ခံ ယူ​တော်​မူ​ပြီး​နောက် ငါ​တို့​အား​ပ​ညတ်​တ​ရား ကြောင့်​ကျိန်​စာ​သင့်​သည့်​ဘေး​မှ​ရွေး​နုတ် ကယ်​တင်​တော်​မူ​၏။-

ငါ​တို့​၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို​အ​စ​မှ အ​ဆုံး​စီ​ရင်​တော်​မူ​သော​သ​ခင်​ယေ​ရှု​ကို မျက်​မှောက်​ပြု​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် မိ​မိ​ခံ​စား​ရ​မည့်​ဝမ်း​မြောက်​ခြင်း​အ​တွက် ကြောင့် လက်​ဝါး​ကပ်​တိုင်​တော်​ကို​ရှက်​ကြောက် ဖွယ်​အ​ရာ​ဟူ​၍​မှတ်​တော်​မ​မူ​ဘဲ​အ​သေ ခံ​တော်​မူ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ပလ္လင် တော်​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ