Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 12:39

Common Language Bible

ထို​မှ​တစ်​ပါး​လည်း​ဟေ​ရှာ​ယ​က၊ ``သူ​တို့​၏​မျက်​စိ​များ​သည်​မြင်​နိုင်​၍ သူ​တို့​၏ စိတ်​နှလုံး​သည်​သိ​နား​လည်​နိုင်​ပါ​မူ၊ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​ပျောက်​ကင်း စိမ့်​သော​ငှာ​စိတ်​ပြောင်း​လဲ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​မျက်​စိ​အ​လင်း​ကို​ငါ​ကွယ်​စေ လျက် သူ​တို့​စိတ်​နှ​လုံး​ကို​လည်း၊လေး​လံ​ထိုင်း​မှိုင်း စေ​တော်​မူ​၏​ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​၏'' ဟူ​၍​မြွက်​ဆို​ပြန်​သည့်​အ​တိုင်း​ထို​သူ​တို့ မှာ​ယုံ​ကြည်​နိုင်​စွမ်း​မ​ရှိ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဆောင်​ရွက်​လျှင်​မူ​ကား​ငါ့​ကို​မ​ယုံ​သော်​လည်း ငါ​၏​ဆောင်​ရွက်​ချက်​များ​ကို​ယုံ​ကြ​လော့။ သို့ မှ​သာ​လျှင်​ခ​မည်း​တော်​သည်​ငါ​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ရှိ​တော်​မူ​လျက် ငါ​သည်​လည်း ခ​မည်း​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သည် ကို သင်​တို့​သိ​မြင်​နား​လည်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ဤ​သို့​ဖြစ်​ရ​သည်​မှာ၊ ``အို ထာ​ဝ​ရ​ဘု​ရား၊အ​ဘယ်​သူ​သည် အ​ကျွန်ုပ်​တို့​၏ ဟော​ပြော​ချက်​ကို​ယုံ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​ကို​အ​ဘယ် သူ​အား ထင်​ရှား​ပါ​သ​နည်း။ ဟု​ဟေ​ရှာ​ယ​မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း​ဖြစ် ပျက်​ခြင်း​ပင်​ဖြစ်​၏။-

သင်​တို့​သည်​အ​ချင်း​ချင်း​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း ကို​ခံ​လို​ကြ​၏။ သို့​ရာ​တွင်​တစ်​ဆူ​တည်း​ရှိ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​ဂုဏ်​ပြု​ခြင်း ကို​ခံ​ရန်​ကို​မူ​မ​ကြိုး​စား​ကြ။ သို့​ဖြစ်​၍​သင် တို့​သည်​ငါ့​ကို​အ​ဘယ်​သို့​ယုံ​ကြည်​နိုင်​ကြ မည်​နည်း။-

ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ဆွဲ​ဆောင် တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို​ငါ​သည်​နောက်​ဆုံး​သော နေ့​၌​သေ​ခြင်း​မှ​ထ​မြောက်​စေ​မည်။-

သူ​တို့​၏​မျက်​စိ​သည်​အ​ကျင့်​ပျက်​သည့် အ​မျိုး​သမီး​များ​ကို​သာ​ကြည့်​လျက်​အ​ပြစ် ကူး​၍​အား​မ​ရ​နိုင်​ကြ။ သူ​တို့​သည်​ယုံ ကြည်​ခြင်း​မ​ရင့်​ကျက်​သူ​တို့​ကို​ထောင် ချောက်​ထဲ​သို့​ကျ​စေ​ကြ​၏။ လော​ဘ​လွန် ကူး​မှု​တွင်​ကျင်​လည်​ကြ​၏။ သူ​တို့​သည် ဘုရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​များ ဖြစ်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ