ရှင်ယောဟန် 12:38Common Language Bibleဤသို့ဖြစ်ရသည်မှာ၊ ``အို ထာဝရဘုရား၊အဘယ်သူသည် အကျွန်ုပ်တို့၏ ဟောပြောချက်ကိုယုံပါသနည်း။ ထာဝရဘုရားသည်တန်ခိုးတော်ကိုအဘယ် သူအား ထင်ရှားပါသနည်း။ ဟုဟေရှာယမြွက်ဆိုခဲ့သည့်အတိုင်းဖြစ် ပျက်ခြင်းပင်ဖြစ်၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်၏လူစုတော်သည်ထိုပြည်ကို ဋ္ဌားလက်နက်ဖြင့်သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်အားဖြင့်လည်း သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်သည်သူတို့အားချစ်တော်မူသဖြင့် သူတို့နှင့်အတူကိုယ်တော်ရှင်ရှိတော်မူခြင်း အားဖြင့်လည်းကောင်း သူတို့သည်ထိုပြည်ကိုသိမ်းပိုက်နိုင်ကြပါ၏။
ငါသည်လျင်မြန်စွာလာ၍သူတို့အားကယ်တင်မည်။ ငါအောင်ပွဲခံရန်အချိန်သည်နီးကပ်၍လာလေပြီ။ လူမျိုးတကာတို့အားငါကိုယ်တိုင်ပင် အုပ်စိုးတော်မူမည်။ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတို့သည် ငါလာမည်ကိုစောင့်မျှော်လျက်ရှိ၏။ မိမိတို့အားကယ်တင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့်၊သူတို့သည်ငါ့ကို စောင့်မျှော်လျက်နေကြ၏။
အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
ထိုမှတစ်ပါးလည်းဟေရှာယက၊ ``သူတို့၏မျက်စိများသည်မြင်နိုင်၍ သူတို့၏ စိတ်နှလုံးသည်သိနားလည်နိုင်ပါမူ၊ ထိုသူတို့သည်မိမိတို့၏အနာရောဂါပျောက်ကင်း စိမ့်သောငှာစိတ်ပြောင်းလဲကြလိမ့်မည်။ သို့ဖြစ်၍သူတို့မျက်စိအလင်းကိုငါကွယ်စေ လျက် သူတို့စိတ်နှလုံးကိုလည်း၊လေးလံထိုင်းမှိုင်း စေတော်မူ၏ဟုဘုရားသခင်မိန့်တော်မူ၏'' ဟူ၍မြွက်ဆိုပြန်သည့်အတိုင်းထိုသူတို့ မှာယုံကြည်နိုင်စွမ်းမရှိကြ။