Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 12:3

Common Language Bible

ထို​အ​ခါ​မာ​ရိ​သည်​အ​လွန်​အ​ဖိုး​ထိုက်​သော နာ​ဒု​ဆီ​မွှေး​အ​စစ်​သုံး​ဆယ်​သား​ကို​ယူ​၍ သ​ခင်​ယေ​ရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီး​နောက် မိ​မိ​၏​ဆံ​ပင်​နှင့်​သုတ်​လေ​၏။ ဤ​ဆီ​မွှေး​၏ ရ​နံ့​သည်​တစ်​အိမ်​လုံး​မွှေး​ကြိုင်​လျက်​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား ကိန်း​ဝပ်​တော်​မူ​ရန်​ဌာ​န​တော်​ကို​လည်း​ကောင်း၊ ယာ​ကုပ်​ကိုး​ကွယ်​သော​တန်​ခိုး​ကြီး​သည့် ဘု​ရား​သ​ခင်​အ​တွက်​အိမ်​တော်​ကို​လည်း ကောင်း ဆောက်​လုပ်​၍​မ​ပြီး​သေး​သ​မျှ​ကာ​လ​ပတ်​လုံး နား​နေ​အိပ်​စက်​မှု​ကို​ပြု​မည်​မ​ဟုတ်​ပါ။ အိမ်​ကို​လည်း​မ​ပြန်။ အိပ်​ရာ​ထဲ​သို့​လည်း ဝင်​မည်​မ​ဟုတ်'' ဟု ယာ​ကုပ်​ကိုး​ကွယ်​သော​တန်​ခိုး​ကြီး​သည့် ဘု​ရား​သ​ခင်​အား​ပြု​သော​သစ္စာ​က​တိ​ကို သ​တိ​ရ​တော်​မူ​၏။

ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့်တူ၏။ လက်ျာလက်၌ လိမ်းသော နံ့သာဆီကို ဝှက်၍မထားနိုင်။

ငါချစ်ရာသခင်သည် ငါ၌မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာ တညဉ့်လုံးအိပ်ရမည်။

ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။

ငါ့ခင်ပွန်း၊ သင်၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၏။ လျှာအောက်မှာ နို့နှင့်ပျားရည်ရှိ၏။ အဝတ် တန်ဆာသည်လည်း လေဗနုန်အမွှေးအကြိုင်းကဲ့သို့ မွှေးကြိုင်လျက်ရှိ၏။

သင့်​မှာ​လို​သော​အ​ရာ​တစ်​ခု​ရှိ​၏။ မာ​ရိ​သည် ကောင်း​မြတ်​သော​အ​ရာ​ကို​ရွေး​ချယ်​လေ​ပြီ။ ထို​အ​ရာ​ကို​သူ့​ထံ​မှ​အ​ဘယ်​သူ​မျှ​ယူ​၍ ရ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

သင်​သည်​ငါ​၏​ခေါင်း​ကို​ဆီ​ဖြင့်​မ​လိမ်း။ သူ​မူ​ကား ငါ​၏​ခြေ​ကို​ဆီ​မွှေး​ဖြင့်​လိမ်း​လေ​ပြီ။ ထို​ကြောင့်​သင့် အား​ငါ​ဆို​သည်​ကား ဤ​အ​မျိုး​သ​မီး​သည်​များ​စွာ သော​အ​ပြစ်​တို့​မှ​ပြေ​လွတ်​လေ​ပြီ။-

(ဤ​မာ​ရိ​ကား​သခင်​ယေ​ရှု​၏​ခြေ​တော်​ထက် မှာ​ဆီ​မွှေး​သွန်း​လောင်း​၍ မိ​မိ​ဆံ​ပင်​ဖြင့်​သုတ် ပေး​သူ​ဖြစ်​၏။ ဖျား​နာ​နေ​သူ​လာ​ဇ​ရု​သည် ဤ​မာ​ရိ​၏​မောင်​တည်း။)-

ဤ​သို့​လျှောက်​ထား​ပြီး​လျှင်​မာ​သ​သည်​အိမ် သို့​ပြန်​၍​ညီ​မ​မာ​ရိ​ကို​တိတ်​တ​ဆိတ်​ခေါ် ပြီး​နောက် ``ဆ​ရာ​တော်​ကြွ​လာ​တော်​မူ​ပြီ။ သင့်​အား​မေး​လျက်​နေ​သည်'' ဟု​ပြော​ကြား​၏။-

မာ​ရိ​သည်​သ​ခင်​ယေ​ရှု​ရှိ​ရာ​အ​ရပ်​သို့​ရောက် သော​အ​ခါ ကိုယ်​တော်​ကို​မြင်​သ​ဖြင့်​ခြေ​တော် ရင်း​မှာ​ပျပ်​ဝပ်​လျက် ``အ​ရှင်​ဘု​ရား၊ အ​ရှင် သာ​ဤ​အ​ရပ်​မှာ​ရှိ​တော်​မူ​ခဲ့​ပါ​လျှင်​ကျွန်​မ မောင်​သည်​သေ​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက် ထား​၏။

ယ​ခင်​သ​ခင်​ယေ​ရှု​ကို​ည​အ​ခါ​လာ​ရောက် တွေ့​ဆုံ​သူ​နိ​ကော​ဒင်​သည်​လည်း မု​ရန်​နှင့် အ​ကျော်​ရော​နှော​သော​ဆီ​မွှေး​နံ့​သာ​ပေါင်း အ​ချိန်​နှစ်​ဆယ့်​ငါး​ပိ​ဿာ​ခန့်​ကို​ယူ​၍ ယော သပ်​နှင့်​အ​တူ​လိုက်​သွား​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ