ရှင်ယောဟန် 12:2Common Language Bibleကိုယ်တော်အားညစာဖြင့်ဧည့်ခံရာ၌မာသက ဧည့်ဝတ်ကိုပြု၏။ ကိုယ်တော်နှင့်အတူစားပွဲတွင် ထိုင်ကြသူများအထဲတွင်လာဇရုလည်းပါ၏။- အခန်းကိုကြည့်ပါ။ |
အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။-
ထိုနောက်ကိုယ်တော်ကအိမ်ရှင်အား ``သင်သည် နံနက်စာသော်လည်းကောင်း၊ ညစာသော်လည်း ကောင်းကျွေးမွေးဧည့်ခံမည်ပြုသောအခါ မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများ၊ ချမ်းသာကြွယ်ဝသောအိမ်နီးချင်းများ အားမဖိတ်မခေါ်နှင့်။ ဖိတ်ခေါ်ခဲ့ပါမူသူ တို့သည်သင့်အားပြန်ဖိတ်ခေါ်ပြီးလျှင် ကျေးဇူးဆပ်ကြလိမ့်မည်။-