ရှင်ယောဟန် 10:8Common Language Bibleငါ့ရှေ့တွင်ရောက်ရှိလာသူအားလုံးသည်သူခိုး ဋ္ဌားပြများဖြစ်ကြ၏။ သို့ရာတွင်သိုးတို့သည် ထိုသူတို့၏စကားကိုနားမထောင်ကြ။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏သိုးထိန်းတို့အားရှုတ် ချလော့။ သူတို့အားငါအရှင်ထာဝရ ဘုရားထံတော်မှဗျာဒိတ်တော်ကိုဆင့်ဆို ရမည်မှာ အချင်းဣသရေလအမျိုးသား များ၏သိုးထိန်းတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်မိမိတို့ကိုယ်ကို ကျွေးမွေးပြုစုကြသော်လည်းသိုးများ ကိုမူမစောင့်ထိန်းကြ။-
ငါသည်မိမိ၏သိုးစုအတွက်သိုးထိန်းတစ် ဦးကိုခန့်ထားခဲ့သော်လည်း သူသည်သေဘေး တွေ့သည့်သိုးများကိုမကူညီ။ ပျောက်သည့် သိုးများကိုမရှာဖွေ။ အနာရသည့်သိုးများ ကိုမကုသ။ မသေဘဲကျန်ရှိနေသောသိုး များကိုလည်းမကျွေးမွေး။ ယင်းသို့ပြုမည့် အစားသူသည်အဆူဖြိုးဆုံးသောသိုးတို့ ၏အသားကိုစား၏။ သူတို့၏ခွာများကို လည်းချွတ်ပစ်၏။-
လွန်ခဲ့သောနှစ်အနည်းငယ်ကသုဒဆိုသူ သည် မိမိကိုယ်ကိုခေါင်းဆောင်ကြီးတစ်ဦးဟု ဆိုကာပေါ်ပေါက်ခဲ့၏။ သူသည်နောက်လိုက်လူ လေးရာခန့်ရရှိခဲ့၏။ သို့ရာတွင်သူအသတ် ခံရပြီးနောက် သူ၏နောက်လိုက်များသည်တစ် ကွဲတစ်ပြားဖြစ်လျက် သူဦးဆောင်ခဲ့သော လှုပ်ရှားမှုသည်လည်းပျောက်ပျက်သွား၏။-