Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 10:7

Common Language Bible

ထို့​ကြောင့်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​သည်​သိုး​တို့​ဝင် သော​တံ​ခါး​ပေါက်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​၍ ငါ​တို့​၏​အ​ရှင်​ဖြစ်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော်​ဖြစ်​ကြ​၏။ ကိုယ်​တော်​စောင့်​ထိန်း​တော်​မူ​သည့်​သိုး​စု​ဖြစ် ကြ​၏။

ထို​အ​ခါ​သိုး​စု​တော်​တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဖြစ်​သည့်​ကျွန်​တော်​မျိုး​တို့​သည် ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ ပါ​မည်။ သား​စဉ်​မြေး​ဆက်​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ပါ​မည်။

ကိုယ်​တော်​သည်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော် စောင့်​ရှောက်​တော်​မူ​သော​သူ​များ၊ကိုယ်​တော် ကျွေး​မွေး​တော်​မူ​သော​သိုး​စု​ဖြစ်​ကြ​၏။ ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​ကို ယ​နေ့​နား​ထောင်​ကြ​လော့။

ငါ​တို့​ရှိ​သ​မျှ​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ကာ မိ​မိ​တို့​သွား​လို​ရာ​လမ်း​သို့​လိုက်​လျက်​နေ​ကြ သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ခံ​ယူ​ထိုက်​သည့် အ​ပြစ်​ဒဏ်​ကို​ထို​သူ​၏​အ​ပါ်​သို့​တင်​တော်​မူ​၏။

``ငါ​၏​သိုး​များ၊ ငါ​ကျွေး​မွေး​ပြု​စု​သည့် သိုး​စု၊ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ် ၍​ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ်​၏'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

အ​ခါ​တစ်​ပါး​က​ယေ​ရု​ရှ​လင်​မြို့​သည်​ပွဲ နေ့​များ​၌​ယဇ်​ပူ​ဇော်​ရာ​သိုး​တို့​ဖြင့်​ပြည့် နှက်​နေ​သ​ကဲ့​သို့ ယ​ခု​ယို​ယွင်း​ပျက်​စီး​နေ သော​မြို့​တို့​သည်​လူ​များ​ဖြင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား သိုး​ခြံ​ထဲ​သို့​တံ​ခါး​ပေါက် က​မ​ဝင်​ဘဲ အ​ခြား​နည်း​ဖြင့်​ကျော်​ဝင်​သူ သည်​သူ​ခိုး​ဋ္ဌား​ပြ​ဖြစ်​၏။-

ငါ​သည်​တံ​ခါး​ပေါက်​ဖြစ်​၏။ ထို​တံ​ခါး​ပေါက် ဖြင့်​ဝင်​သူ​သည် ဘေး​နှင့်​ကင်း​လွတ်​၍​ဝင်​ထွက် သွား​လာ​လျက်​ကျက်​စား​ရာ​ကို​တွေ့​ရ​လိမ့်​မည်။-

သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။-

လူ​မျိုး​ခြား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ဖြစ်​သည့်​ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့်​တစ် ပါး​တည်း​သော​ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု​လျက် ခ​မည်း​တော်​၏​ရှေ့​တော်​သို့​ဝင်​ရောက်​ခွင့်​ရ​ရှိ ကြ​ပေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ