အိမ်သူအိမ်သားတို့စိတ်ဝမ်းကွဲပြားလျက်နေ သောအိမ်ထောင်သည်ရပ်တည်နိုင်မည်မဟုတ်။-
ဖခင်ကယောသပ်အားသူတို့ထက်ပို၍ချစ် သဖြင့်သူ၏အစ်ကိုတို့သည် သူ့အားကြင်နာ သည့်စကားတစ်ခွန်းကိုမျှမပြောနိုင်လောက် အောင်ရွံမုန်းကြလေသည်။
ဘုရားသခင်၏လူစုတော်သည် စိတ်သဘောညီညွတ်လျက်နေထိုင်ကြသည်မှာ အလွန်ကောင်းမွန်၍တင့်တယ်လှပါသည်တကား။
လူတို့စိတ်ဝမ်းကွဲပြားလျက်နေသောနိုင်ငံ သည်မရပ်မတည်နိုင်ရာ။-
ထိုနည်းတူစွာစာတန်သည်မိမိကိုယ်ကို ရန်ဖက်ပြု၍ကွဲပြားလျှင် သူသည်လည်း မရပ်မတည်နိုင်ရာ၊ ပျက်စီးရမည်သာဖြစ်၏။
သို့သော်သားရဲတိရစ္ဆာန်အချင်းချင်းကိုက်သတ် ကြသကဲ့သို့ သင်တို့ပြုကြပါလျှင် အချင်း ချင်းဖျက်ဆီးရာရောက်မည်ဖြစ်ကြောင်းသတိ ပြုကြလော့။
အဘယ်ကြောင့်ဆိုသော်မနာလိုစိတ်၊ တစ်ကိုယ် ကောင်းစိတ်တို့သည်မငြိမ်မဝပ်ရုန်းရင်းဆန် ခတ်မှု၊ ဆိုးညစ်ယုတ်မာမှုအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေတတ်သောကြောင့်တည်း။-