ရှင်မာကု 3:24Common Language Bibleလူတို့စိတ်ဝမ်းကွဲပြားလျက်နေသောနိုင်ငံ သည်မရပ်မတည်နိုင်ရာ။- အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်မင်းကြီးသည်အဘိရှဲအား``ရှေဘ သည်အဗရှလုံထက်ပင်ပို၍ငါတို့အား ဒုက္ခပေးလိမ့်မည်။ ငါ၏လူတို့ကိုခေါ်၍သူ့ နောက်သို့လိုက်လော့။ သို့မဟုတ်လျှင်သူသည် မြို့ရိုးအခိုင်အမာရှိသည့်မြို့များကိုသိမ်း ယူကာငါတို့လက်မှလွတ်မြောက်သွားလိမ့် မည်'' ဟုမိန့်တော်မူ၏။-
ထိုသူတို့၏စိတ်နှလုံးအကြံအစည်ကိုသိတော်မူ သဖြင့်ကိုယ်တော်က ``နိုင်ငံတစ်ခုတွင်လူတို့သည် စိတ်ဝမ်းကွဲပြားလျက် အချင်းချင်းတိုက်ခိုက်နေလျှင် ထိုနိုင်ငံသည်မကြာမီပျက်စီးလိမ့်မည်။ ထိုနည်း တူလူတို့စိတ်ဝမ်းကွဲပြားလျက်နေသောမြို့ သို့မဟုတ်အိမ်ထောင်သည်မရပ်မတည်နိုင်ရာ။-
ထိုသူအပေါင်းတို့သည်တစ်လုံးတစ်ဝတည်း ဖြစ်ကြစေရန်ဆုတောင်းပါ၏။ အို အဖ၊ ကိုယ်တော် သည်အကျွန်ုပ်၌တည်ရှိတော်မူ၍အကျွန်ုပ်သည် လည်းကိုယ်တော်၌တည်ရှိသကဲ့သို့ ထိုသူတို့သည် အကျွန်ုပ်တို့၌တည်ရှိစေတော်မူပါ။ အကျွန်ုပ် ကိုကိုယ်တော်စေလွှတ်တော်မူကြောင်းကိုလောက သားတို့ယုံကြည်ကြစေရန် ထိုသူတို့ကိုတစ် လုံးတစ်ဝတည်းဖြစ်စေတော်မူပါ။-