ပိလတ်မင်းသည်ပသခါပွဲအခါကျတိုင်း ပြည်သူတို့တောင်းသည့်အကျဉ်းသမား တစ်ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး လေ့ရှိ၏။-
``နောက်နှစ်ရက်မျှကြာလျှင်ပသခါပွဲကျရောက် မည်ကိုသင်တို့သိကြ၏။ ထိုအခါလူသားကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေရန်ရန်သူ့ လက်သို့အပ်ကြလိမ့်မည်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည် ကိုစိုးရိမ်စရာရှိသဖြင့်ပွဲတော်ရက်အတွင်း ၌မဖမ်းမဆီးကြနှင့်'' ဟုဆိုကြ၏။
ထိုအချိန်၌ပုန်ကန်ထကြွမှုနှင့်လူသတ်မှု ဖြင့် အကျဉ်းခံနေရသူများရှိ၏။ ထိုသူတို့ အထဲတွင်ဗာရဗ္ဗဆိုသူတစ်ဦးလည်းပါ၏။-
ပေတရုကားဝင်းတံခါးအပြင်တွင်နေရစ်၏။ ယဇ်ပုရောဟိတ်မင်းသိသူတပည့်တော်သည် ဝင်းပြင်သို့ထွက်လာပြီးနောက် တံခါးစောင့် သူမအားအခွင့်တောင်းကာပေတရုကို ဝင်းထဲသို့သွင်းလေ၏။-
ထိုအခါပိလတ်မင်းသည်ကိုယ်တော်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန် ထိုသူ တို့လက်သို့အပ်လိုက်လေ၏။ သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုခေါ်ဆောင် သွားကြ၏။-
နောက်နှစ်နှစ်မျှကြာသော်ဖေလဇ်၏ဘုရင်ခံ ရာထူးကိုပေါကိဖေတ္တုဆက်ခံရ၏။ ဖေလဇ် သည်ယုဒအမျိုးသားတို့ထံမှမျက်နှာရ လိုသဖြင့် ပေါလုအားဆက်လက်၍အကျဉ်း ချထားခဲ့၏။
ဖေတ္တုသည်ယုဒအမျိုးသားတို့ထံမှမျက် နှာရလိုသဖြင့်``သင်သည်ယေရုရှလင်မြို့ သို့သွား၍ ငါ၏ရှေ့တွင်ဤစွပ်စွဲချက်များ နှင့်စပ်လျဉ်း၍အစစ်အဆေးခံပါမည် လော'' ဟုပေါလုအားမေး၏။