Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 15:5

Common Language Bible

သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​သ​ဖြင့် ပိ​လတ်​မင်း​သည်​အံ့​သြ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​တွက် ခိုင်​ခံ့​သည့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​လူ​တို့​ရှေ့​တွင်​စံ​န​မူ​နာ ဖြစ်​ပါ​၏။

``သူ​သည်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ခံ​ရ​သော်​လည်း သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။ သတ်​ရန်​ယူ​ဆောင်​သွား​သည့်​သိုး​သ​ငယ် ကဲ့​သို့​လည်း​ကောင်း၊ အ​မွေး​ညှပ်​ခံ​ရ​အံ့​ဆဲ​ဆဲ​ဖြစ်​သော သိုး​ကဲ့​သို့​လည်း​ကောင်း၊ သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။

ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော် မူ​သော​သား​သ​မီး​များ​နှင့်​အ​တူ ငါ​သည် ဤ​မှာ​ရှိ​ပါ​၏။ ဇိ​အုန်​တောင်​တော်​ပေါ်​တွင် စိုး​စံ​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ငါ​တို့​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​ပြန်​ကြား​သည့်​ဗျာ​ဒိတ် တော်​တို့​ကို သ​ရုပ်​ဆောင်​သူ​များ​ဖြစ်​စေ တော်​မူ​လေ​ပြီ။

သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သူ​ယောရှု၊ နား​ထောင်​လော့။ ယော​ရှု​၏​အ​ပေါင်း​အ​ဖော် ယဇ်​ပု​ရော​ဟိတ်​တို့၊ သာ​ယာ​သော​အ​နာ​ဂတ် ၏​နိ​မိတ်​လက္ခ​ဏာ​ကို​ဆောင်​သူ​တို့၊ နား​ထောင် ကြ​လော့။ ငါ​သည်``အ​ညွှန့်​အ​တက်'' ဟု​နာ​မည် တွင်​သော​မိ​မိ​၏​အ​စေ​ခံ​ကို​ပေါ်​ထွန်း​စေ မည်။-

သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​ပြစ်​တင်​စွပ်​စွဲ​ချက်​များ​ကို ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား​တော်​မ​မူ။

သို့​ရာ​တွင်​ကိုယ်​တော်​သည်​စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​လည်​မိန့်​ကြား​တော်​မ​မူ။ သို့​ဖြစ်​၍​ဘု​ရင်​ခံ မင်း​သည်​လွန်​စွာ​အံ့​သြ​လေ​၏။

သို့​ဖြစ်​၍​တစ်​ဖန်​ပိ​လတ်​မင်း​က​ကိုယ်​တော် အား ``သင်​သည်​မည်​သို့​မျှ​မ​ဖြေ​ဘဲ​နေ​ပါ သ​လော။ သင့်​အ​ပေါ်​မည်​မျှ​အ​ပြစ်​တင်​သည် ကို​ကြည့်​ပါ'' ဟု​ဆို​၏။

ဟေ​ရုဒ်​မင်း​သည်​ကိုယ်​တော်​အား​မေး​ခွန်း​များ စွာ​မေး​သော်​လည်း ကိုယ်​တော်​က​ဖြေ​ကြား​တော် မ​မူ။-

သို့​ဖြစ်​၍​အိမ်​တော်​ထဲ​သို့​ပြန်​ဝင်​ပြီး​နောက် သ​ခင်​ယေ​ရှု​အား ``သင်​သည်​အ​ဘယ်​မှ​လာ သ​နည်း'' ဟု​မေး​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​မည်​သို့​မျှ ဖြေ​ကြား​တော်​မ​မူ။-

လူ​ထု​အား​ထုတ်​ပြ​ရာ​တွင်​သေ​ဒဏ်​သင့် သူ​များ​အား​နောက်​ဆုံး​မှ​လိုက်​ပါ​စေ​သ​ကဲ့ သို့ ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့်​ကောင်း​ကင် တ​မန်​တို့​ရှု​စား​ကြ​စေ​ရန် ငါ​တို့​တ​မန် တော်​များ​အား​နောက်​ဆုံး​နေ​ရာ​တွင်​ထား တော်​မူ​သည်​ဟု​ငါ​ထင်​မှတ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ