ညီအစ်ကိုခုနစ်ယောက်စလုံးပင်သူနှင့်စုံဖက် ခဲ့ကြသည်ဖြစ်၍ရှင်ပြန်ထမြောက်ရာနေ့၌ ထိုအမျိုးသမီးသည်မည်သူ၏ဇနီးဖြစ်ပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။
ကိုယ်တော်အားသစ္စာစောင့်သူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ သစ္စာစောင့်သူတို့အားထာဝရဘုရားသည် ကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်မာနကြီးသူတို့အားထိုက်သင့်သည့် အပြစ်ဒဏ်ကိုပေးတော်မူ၏။
ဤသို့လျှင်ညီအစ်ကိုခုနစ်ယောက်စလုံး သားသမီးမရဘဲသေကြ၏။ နောက်ဆုံး၌ အမျိုးသမီးလည်းသေ၏။-
သခင်ယေရှုက ``သင်တို့သည်ကျမ်းစာတော်ကို နားမလည်ကြ။ ဘုရားသခင်၏တန်ခိုးတော် အကြောင်းကိုလည်းမသိကြ။ သို့ဖြစ်၍အယူ လွဲလျက်နေကြ၏။-