ဤသို့လျှင်ညီအစ်ကိုခုနစ်ယောက်စလုံး သားသမီးမရဘဲသေကြ၏။ နောက်ဆုံး၌ အမျိုးသမီးလည်းသေ၏။-
သေသွားသောအခါသူ့ညီအကြီးဆုံးသည် မရီး ဖြစ်သူကိုဆက်ခံသိမ်းပိုက်၏။ ထိုညီသည်လည်း သားသမီးမရဘဲသေပြန်၏။ ထိုနည်းတူဒုတိယ ညီသည်လည်းသားသမီးမရဘဲသေပြန်၏။-
ညီအစ်ကိုခုနစ်ယောက်စလုံးပင်သူနှင့်စုံဖက် ခဲ့ကြသည်ဖြစ်၍ရှင်ပြန်ထမြောက်ရာနေ့၌ ထိုအမျိုးသမီးသည်မည်သူ၏ဇနီးဖြစ်ပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။