Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 1:19

Common Language Bible

ကိုယ်​တော်​သည်​ဆက်​လက်​၍​အ​နည်း​ငယ်​လျှောက် သွား​သော​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ သော​ယာ​ကုပ်​နှင့်​ညီ​ယော​ဟန်​ကို​မြင်​တော်​မူ​၏။ သူ​တို့​သည်​လှေ​ထဲ​တွင်​ပိုက်​ကွန်​များ​ကို​အ​သင့် ပြင်​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ဆက်​လက်​၍​လျှောက် သွား​တော်​မူ​သော​အ​ခါ အ​ခြား​ညီ​အစ်​ကို​နှစ် ယောက်​ဖြစ်​သော​ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို မြင်​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ဗေ​ဒဲ​၏​သား​များ ဖြစ်​၍ မိ​မိ​တို့​ဖ​ခင်​နှင့်​အ​တူ​လှေ​ထဲ​တွင်​ပိုက် ကွန်​များ​ကို​အ​သင့်​ပြင်​လျက်​ရှိ​နေ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​နောက်​တော်​သို့ လိုက်​ရန်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ၊-

ထို​သူ​တို့​သည်​ချက်​ချင်း မိ​မိ​တို့​၏​ပိုက်​ကွန်​များ ကို​စွန့်​ပစ်​၍​နောက်​တော်​သို့​လိုက်​ကြ​၏။

ကိုယ်​တော်​သည်​သူ​တို့​ကို​မြင်​လျှင်​ချက်​ချင်း​ခေါ်​ယူ တော်​မူ​သ​ဖြင့် သူ​တို့​သည်​ဖ​ခင်​ဇေ​ဗေ​ဒဲ​ကို​လူ ငှား​များ​နှင့်​လှေ​ထဲ​တွင်​ထား​ခဲ့​၍​နောက်​တော်​သို့ လိုက်​ကြ​၏။

ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​ပန်​ကြား​ချက် ကို​ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို​မိ​မိ​နှင့် အ​တူ​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည် ပြင်း​စွာ​ပူ​ပင်​သော​က​ဖြစ်​တော်​မူ​သ​ဖြင့်၊-

(မိုး​ကြိုး​၏​သား​များ​ဟု​အ​နက်​ရှိ​သော​ဗော​နေ ရ​ဂက်​ဟူ​သော​နာ​မည်​ဖြင့် ကိုယ်​တော်​မှည့်​ခေါ်​သူ များ​ဖြစ်​သည့်​) ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက် ယာ​ကုပ်​နှင့်​ယော​ဟန်၊-

ထို​နောက်​ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယာ​ကုပ်​၏​ညီ ယော​ဟန်​တို့​မှ​တစ်​ပါး မည်​သူ​ကို​မျှ​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ခွင့်​ပြု​တော်​မ​မူ။-

ခြောက်​ရက်​မျှ​ကြာ​သော်​သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​မြင့်​သော​တောင်​ပေါ်​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။ အ​ခြား​တစ်​စုံ​တစ် ယောက်​မျှ​မ​ပါ​ချေ။ သူ​တို့​၏​ရှေ့​တွင်​ကိုယ်​တော် ၏​အ​ဆင်း​သဏ္ဌာန်​တော်​သည်​ပြောင်း​လဲ​လေ​၏။-

ရှိ​မုန်​ပေ​တ​ရု၊ (အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သူ) သော​မ၊ (ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သား) နာ​သ နေ​လ၊ ဇေ​ဗေ​ဒဲ​၏​သား​များ​နှင့်​အ​ခြား​တ​ပည့် တော်​နှစ်​ဦး​တို့​သည်​အ​တူ​ရှိ​နေ​ကြ​၏။-

သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ မိ​မိ​တို့​တည်း​ခို​ရာ အိမ်​အ​ထက်​ခန်း​သို့​သွား​ကြ​၏။ ထို​သူ​တို့​ကား ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်၊ အန္ဒြေ၊ ဖိ​လိပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မ​ဿဲ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး​ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်​နှင့်​ယာ​ကုပ်​၏ သား​ယု​ဒ​တို့​ဖြစ်​၏။-

သူ​သည်​ယော​ဟန်​၏​ညီ​အစ်​ကို​ယာ​ကုပ်​ကို​ဋ္ဌား ဖြင့်​ကွပ်​မျက်​စေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ