Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 1:18

Common Language Bible

ထို​သူ​တို့​သည်​ချက်​ချင်း မိ​မိ​တို့​၏​ပိုက်​ကွန်​များ ကို​စွန့်​ပစ်​၍​နောက်​တော်​သို့​လိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ချက်​ချင်း​ပင်​မိ​မိ​တို့​၏​ပိုက်​ကွန် များ​ကို​စွန့်​ပစ်​၍​နောက်​တော်​သို့​လိုက်​ကြ​၏။

သ​ခင်​ယေ​ရှု​က ``လာ​ကြ။ ငါ့​နောက်​သို့​လိုက်​ကြ။ သင်​တို့​ကို​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​စေ​မည်'' ဟု ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။-

ကိုယ်​တော်​သည်​ဆက်​လက်​၍​အ​နည်း​ငယ်​လျှောက် သွား​သော​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ သော​ယာ​ကုပ်​နှင့်​ညီ​ယော​ဟန်​ကို​မြင်​တော်​မူ​၏။ သူ​တို့​သည်​လှေ​ထဲ​တွင်​ပိုက်​ကွန်​များ​ကို​အ​သင့် ပြင်​လျက်​နေ​ကြ​၏။-

ထို​နည်း​တူ​စွာ​သင်​တို့​အ​နက် မည်​သူ​မ​ဆို မိ​မိ​၌​ရှိ​သ​မျှ​ကို​မ​စွန့်​လျှင်​ငါ​၏​တပည့် မ​ဖြစ်​နိုင်။

ထို​သူ​တို့​သည်​လှေ​များ​ကို​ကမ်း​တွင်​ဆိုက်​ကပ် ပြီး​နောက် ရှိ​သ​မျှ​တို့​ကို​စွန့်​၍​နောက်​တော် သို့​လိုက်​ကြ​၏။

ထို​မျှ​မ​က​ငါ​၏​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​ကို​သိ​ကျွမ်း ရ​ခြင်း​သည်​ထို​အ​ရာ​များ​နှင့်​အ​ရာ​ခပ်​သိမ်း​တို့​ထက် တန်​ခိုး​ရှိ​သည်​ဖြစ်​၍ ယင်း​တို့​ကို​ငါ့​အား​ရှုံး​စေ​သည့် အ​ရာ​များ​ဟူ​၍​မှတ်​ယူ​၏။ ငါ​သည်​ကိုယ်​တော်​အ​တွက် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စွန့်​ပယ်​ခဲ့​၏။ ခ​ရစ်​တော်​ကို အ​မြတ်​ရ​နိုင်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​နိုင်​ရန်​လည်း​ကောင်း​ထို​အ​ရာ များ​ကို​အ​မှိုက်​သ​ရိုက်​ကဲ့​သို့​ငါ​ထင်​မှတ်​၏။ ငါ​သည် ပညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​အား​ဖြင့်​ဖြောင့်​မတ် ခြင်း​မ​ရ​ရှိ​ပေ။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့်​သာ​လျှင်​ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​၏။ ထို​ကဲ့​သို့ သော​ဖြောင့်​မတ်​ခြင်း​သည်​ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ဖြောင့်​မတ်​ခြင်း​ဖြစ်​၍​ယုံ​ကြည်​ခြင်း အ​ပေါ်​တွင်​အ​ခြေ​ခံ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ