Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 6:3

Common Language Bible

ငါ​တို့​သည်​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ရန်​ဗတ္တိ​ဇံ​မင်္ဂလာ​ခံ​ကြ​သော အ​ခါ တစ်​ချိန်​တည်း​မှာ​ပင်​ကိုယ်​တော်​နှင့်​အ​တူ အ​သေ​ခံ​ကြ​ကြောင်း​ကို​သင်​တို့​အ​မှန်​ပင် သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​သင်​တို့​သည်​သွား​၍​လူ​မျိုး​တ​ကာ​တို့ ကို​ငါ့​တ​ပည့်​ဖြစ်​စေ​ကြ​လော့။ သူ​တို့​အား​ခ​မည်း တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နာ​မ ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​ကြ​လော့။-

ထို​စ​ကား​ကို​ကြား​လျှင်​သူ​တို့​သည် သ​ခင် ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ကြ​၏။-

ပေ​တ​ရု​က ``နောင်​တ​ရ​ကြ​လော့။ သင်​တို့​အ​ပြစ် များ​ပြေ​လွတ်​စေ​ရန် ယေ​ရှု​ခ​ရစ်​၏​နာ​မ​၌​လူ တိုင်း​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​တည်း ဟူ​သော​ဆု​ကျေး​ဇူး​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-

အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ချိန်​အ​ထိ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ထို​သူ​တို့ အ​ထဲ​မှ မည်​သူ​တစ်​စုံ​တစ်​ယောက်​၏​အ​ပေါ် သို့​သက်​ရောက်​တော်​မ​မူ​သေး​သော​ကြောင့် ဖြစ်​၏။ ထို​အ​ချိန်​အ​ထိ​ထို​မြို့​သူ​မြို့​သား တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ဗတ္တိ​ဇံ​ခံ​ယူ​ထား​ရုံ​မျှ​သာ​ရှိ​၏။-

လူ​တစ်​စုံ​တစ်​ယောက်​၏​စေ​စား​မှု​ကို​ခံ​သော သူ​သည် စေ​စား​သူ​၏​ကျွန်​ဖြစ်​ကြောင်း​သင်​တို့ ကောင်း​စွာ​သိ​ကြ​၏။ အ​ကယ်​၍​သင်​တို့​သည် အ​ပြစ်​တ​ရား​၏​စေ​စား​မှု​ကို​ခံ​ကြ​ပါ​မူ သင် တို့​ခံ​စား​ရ​မည့်​အ​ကျိုး​ဆက်​ကား​သေ​ခြင်း ပင်​ဖြစ်​၏။ အ​ကယ်​၍​သင်​တို့​သည်​ဘု​ရား​သခင် ၏​စ​ကား​ကို​နာ​ခံ​ကြ​မည်​ဆို​ပါ​က​ကိုယ်​တော် နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​မှု​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-

ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ကြ​ပြီ ဖြစ်​၍​ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ရ ကြ​မည်​ကို​ယုံ​ကြည်​ကြ​၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​တ​ရား​ဥ​ပ​ဒေ များ​အ​ကြောင်း​ကို​သိ​ထား​သူ​များ​ဖြစ်​၍ ငါ ယ​ခု​ပြော​ဆို​မည့်​အ​ကြောင်း​အ​ရာ​ကို​နား လည်​ကြ​လိမ့်​မည်။ လူ​သည်​အ​သက်​ရှင်​လျက် နေ​သ​မျှ​ကာ​လ​ပတ်​လုံး​တ​ရား​ဥ​ပ​ဒေ များ​၏​အာ​ဏာ​စက်​အောက်​တွင်​ရှိ​၏။-

သူ​တို့​သည်​ထို​မိုး​တိမ်​နှင့်​ပင်​လယ်​ထဲ​၌​မော​ရှေ ၏​တ​ပည့်​များ​အ​ဖြစ်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ ကြ​၏။-

ထို​နည်း​တူ​စွာ​ငါ​တို့​သည်​ယု​ဒ​လူ​မျိုး​ဖြစ် စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လွတ်​လပ် သူ​ဖြစ်​စေ၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ထဲ​သို့​ဗတ္တိ​ဇံ​ခံ ယူ​ကြ​၏။ ငါ​တို့​ရှိ​သ​မျှ​သည်​ဝိ​ညာဉ်​တော် တစ်​ပါး​တည်း​ကို​သောက်​ကြ​ရ​၏။

သေ​လွန်​သူ​တို့​ကိုယ်​စား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​သူ တို့​သည် အ​ဘယ်​အ​ကျိုး​အ​တွက်​ယင်း​သို့​ပြု ကြ​သ​နည်း။ သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက် မှု​မ​ရှိ​ဟု​အ​ချို့​က​ပြော​ဆို​သည်​အ​တိုင်း​မှန် လျှင် ထို​သူ​တို့​သည်​သေ​သူ​တို့​၏​ကိုယ်​စား အ​ဘယ်​ကြောင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ကြ​သ​နည်း။-

သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ် သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ သည်​ကို​လည်း​ကောင်း​သိ​ကြ​သည်​မ​ဟုတ်​ပါ လော။-

သင်​တို့​သည် မာန်​မာ​န​ထောင်​လွှား​နေ​ကြ​ရန် မ​သင့်။ ``တ​ဆေး​အ​နည်း​ငယ်​က မုန့်​ညက် အား​လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟူ​သော ဆို​ရိုး​စ​ကား​ကို​သင်​တို့​သိ​ကြ​၏။-

သင်​တို့​ကိုယ်​ခန္ဓာ​သည်​ဘု​ရား​သ​ခင်​သင်​တို့ အ​တွင်း​၌​ကိန်း​အောင်း​တော်​မူ​သော၊ ဘု​ရား သ​ခင်​ပေး​သ​နား​တော်​မူ​၍ ဝိ​ညာဉ်​တော်​၏ ဗိ​မာန်​တော်​ဖြစ်​ကြောင်း​ကို​သင်​တို့​မ​သိ​ကြ သ​လော။ သင်​တို့​ကိုယ်​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား သ​ခင်​သာ​လျှင်​ပိုင်​တော်​မူ​၏။-

ဆိုး​ညစ်​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည်​မ​ဟုတ် ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ လွဲ​မှား​၍ မ​ထင်​ကြ​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ ရုပ်​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ့​သား​အိမ်​ရာ ကို​ပြစ်​မှား​သူ​များ၊ ယောကျာ်း​အ​ချင်း​ချင်း မှား​ယွင်း​သူ​များ၊-

ဗိ​မာန်​တော်​တွင်​အ​မှု​ထမ်း​ဆောင်​သူ​များ​သည် ဗိ​မာန်​တော်​မှ​အ​စား​အ​စာ​ကို​ရ​ကြ​သည် ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​သူ​များ​သည်​လည်း ယဇ်​ကောင်​မှ​ဝေ​စု​ကို​ရ​ကြ​သည်​ကို​လည်း ကောင်း​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။-

အ​ပြေး​ပြိုင်​ပွဲ​တွင်​လူ​အ​များ​အ​ပြား​ပင်​ဝင် ရောက်​ယှဉ်​ပြိုင်​ကြ​သော်​လည်း တစ်​ယောက်​တည်း သာ​လျှင်​အောင်​ဆု​ကို​ရ​ရှိ​ကြောင်း​သင်​တို့​သိ ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​အောင်​ဆု​ကို ဆွတ်​ခူး​နိုင်​ရန်​ပြေး​ကြ​လော့။-

သင်​တို့​သည်​ယုံ​ကြည်​ခြင်း​၌​တည်​ကြည်​သူ​များ ဟုတ်​မ​ဟုတ် မိ​မိ​တို့​ကိုယ်​ကို​ဆန်း​စစ်​ကြ​လော့။ ဤ သို့​အ​စစ်​အ​ဆေး​ခံ​ရာ​တွင်​အောင်​မြင်​ပါ​မူ သင် တို့​သည်​မိ​မိ​တို့​စိတ်​နှ​လုံး​အ​တွင်း​၌ ခ​ရစ်​တော် ကိန်း​အောင်း​တော်​မူ​ကြောင်း​အ​သေ​အ​ချာ​သိ​ရှိ ကြ​မည်။-

သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​စေ​ရန် ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ သ​ဖြင့် ခ​ရစ်​တော်​ကို​အ​ဝတ်​တန်​ဆာ​သ​ဖွယ် ဝတ်​ဆင်​ကြ​ရ​လေ​ပြီ။-

သင်​တို့​သည်​သစ္စာ​မဲ့​သူ​များ​ပါ​တ​ကား။ လော​က နှင့်​မိတ်​ဖွဲ့​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ရန်​ဘက်​ပြု​သူ​များ​ဖြစ်​သည်​ကို သင်​တို့​မ​သိ နား​မ​လည်​ကြ​သ​လော။ လော​က​၏​မိတ်​ဆွေ ဖြစ်​လို​သူ​သည်​ဘု​ရား​သ​ခင်​၏​ရန်​သူ​ဖြစ်​၏။-

ဤ​တွင်​ရေ​ဟု​ဆို​ရာ​၌​သင်​တို့​ကို​ယ​ခု​ကယ် တင်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပုံ​ဆောင်​ပေ​သည်။ ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ​ခြင်း​သည်​ကိုယ်​ကာ​ယ အ​ညစ်​အ​ကြေး​များ​ကို​သန့်​စင်​ဆေး​ကြော ခြင်း​မ​ဟုတ်။ သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​စွာ​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ​သစ္စာ​ပြု ခြင်း​ဖြစ်​ပေ​သည်။ သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ခ​ရစ်​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း​ကို အ​ကြောင်း​ပြု​၍ သင်​တို့​သည်​ဗတ္တိ​ဇံ​အား ဖြင့်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ