Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 6:2

Common Language Bible

ထို​သို့​မ​ဆို​လို​ပါ။ အ​ပြစ်​ဒု​စ​ရိုက်​နှင့်​လုံး​ဝ အ​ဆက်​ဖြတ်​ပြီး​သော ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​ပြစ်​ထဲ​၌​ပြန်​၍​ကျင်​လည်​ရ​ကြ ပါ​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဤ​အိမ်​တွင်​သ​ခင်​၏​သြ​ဇာ​ညောင်း​ရ​သ​ကဲ့​သို့ ကျွန်​တော်​၏​သြ​ဇာ​လည်း​ညောင်း​ရ​ပါ​သည်။ သ​ခင်​သည်​သ​ခင်​မ​မှ​လွဲ​လျှင်​ကျွန်​တော်​၏ လက်​သို့​မ​အပ်​သော​အ​ရာ​ဟူ​၍​မ​ရှိ​ပါ။ သို့ ဖြစ်​၍​ကျွန်​တော်​သည်​အ​ဘယ်​သို့​လျှင် ဤ​မျှ ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​၍​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​နိုင်​ပါ​မည်​နည်း'' ဟု​ပြော​လေ​၏။-

ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​မား​မှ ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သ​ဖြင့်​အ​ကင့်​ဆိုး ဟူ​သ​မှ​ကို​မုန်း​ပါ​၏။

သူ​သည်​လာ​၍​ထို​သူ​တို့​ကို​သတ်​ပြီး​သော် စ​ပျစ်​ဥ​ယျာဉ်​ကို​အ​ခြား​သူ​များ​သို့​ပေး အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​စ​ကား​ကို​ကြား​သော​အ​ခါ​သူ​တို့ က ``ဘု​ရား​မ​၍​ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်'' ဟု​ဆို​ကြ​၏။

ဤ​မျှ​သာ​မ​က၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ကိုယ်​တော်​၏​မိတ်​ဆွေ​ဖြစ်​စေ​တော်​မူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ပြု​တော်​မူ​သော အ​မှု​ကြောင့်​ငါ​တို့​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။

သို့​ဖြစ်​၍​ငါ​တို့​သည်​ပ​ညတ်​တ​ရား​၏​လက် အောက်​၌​မ​ရှိ​တော့​ဘဲ ကျေး​ဇူး​တ​ရား​၏​လက် အောက်​၌​ရှိ​ကြ​သ​ဖြင့်​အ​ပြစ်​ကူး​ကြ​ကုန် အံ့​ဟု​ဆို​ကြ​မည်​လော။ ထို​သို့​မ​ဆို​ရ။-

ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​သည်​သင်​တို့​နှင့် လည်း​သက်​ဆိုင်​ပေ​သည်။ သင်​တို့​သည်​ခ​ရစ်​တော် ၏​ကိုယ်​အင်္ဂါ​ဖြစ်​သ​ဖြင့် ပ​ညတ်​တ​ရား​အောက် တွင်​ရှင်​သော​ဘ​ဝ​ကို​စွန့်​လွှတ်​ခဲ့​ကြ​လေ​ပြီ။ ဘု​ရား​သ​ခင်​အ​တွက်​အ​သုံး​ဝင်​သူ​များ ဖြစ်​လာ​ကြ​စေ​ရန် သင်​တို့​သည်​သေ​ခြင်း​မှ ဘု​ရား​သ​ခင်​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​ခ​ရစ်​တော်​၏​ဘက်​တော်​သား​များ​ဖြစ် ကြ​လေ​ပြီ။-

ပ​ညတ်​တ​ရား​သည်​အ​ခါ​တစ်​ပါး​က​ငါ​တို့ အား​ချုပ်​နှောင်​ခဲ့​၏။ ယင်း​သို့​ချုပ်​နှောင်​ခြင်း​ခံ​ရ သော​ဘ​ဝ​ကို​စွန့်​လွှတ်​ခဲ့​ပြီ​ဖြစ်​၍ ယ​ခု​အ​ခါ မှာ​မူ​ငါ​တို့​သည်​ပ​ညတ်​တ​ရား​၏​လက်​အောက် မှ​လွတ်​မြောက်​ကြ​ပြီ။ ယ​ခု​အ​ခါ​၌​ငါ​တို့ သည်​အက္ခ​ရာ​တင်​ထား​သည့်​တ​ရား​ဥ​ပ​ဒေ လမ်း​စဉ်​ဟောင်း​အ​ရ​မ​ဟုတ်​တော့​ဘဲ ဝိ​ညာဉ် တော်​၏​လမ်း​စဉ်​သစ်​အ​ရ​အ​မှု​ဆောင်​ရွက် ကြ​ပေ​သည်။

ပ​ညတ်​တ​ရား​က​ငါ့​အား​သေ​စေ​သည်​ဖြစ်​ရာ ပ​ညတ်​တ​ရား​နှင့်​ပတ်​သက်​လျှင် ငါ​သည်​သူ​သေ ဖြစ်​၏။ သို့​မှ​သာ​ဘု​ရား​သ​ခင်​၏​အ​တွက်​အ​သက် ရှင်​နိုင်​မည်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​နှင့် အ​တူ​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ကွပ်​မျက် ခြင်း​ခံ​ရ​လေ​ပြီ။-

ငါ​မူ​ကား​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ လက်​ဝါး​ကပ်​တိုင်​တော်​မှ​တစ်​ပါး အ​ခြား အ​ဘယ်​အ​ရာ​အ​တွက်​မျှ​ဂုဏ်​ယူ​ဝါ​ကြွား လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​လက်​ဝါး​ကပ် တိုင်​တော်​ကြောင့် ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် အ​ရာ​ရှိ​သ​မျှ​သည် ငါ​နှင့်​လည်း​ကောင်း၊ ငါ သည်​လည်း​ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် အ​ရာ​ရှိ​သ​မျှ​နှင့်​လည်း​ကောင်း အ​ဆက် ပြတ်​လျက်​ရှိ​၏။-

သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ သေ​ပြီ​ဖြစ် သ​ဖြင့်​ဤ​လော​က​ဋ္ဌာတ်​ကို အ​စိုး​ရ​သော တန်​ခိုး​ရှင်​များ​၏​လက်​အောက်​တွင်​မ​ရှိ​တော့ ပေ။-

အ​ဘယ်​ကြောင့်​ဆို​သော်​သေ​ပြီး​သော​သင်​တို့ အ​သက်​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဘု​ရား သ​ခင်​၌​ဝှက်​ထား​လျက်​ရှိ​သော​ကြောင့်​တည်း။-

ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင်​၍​မ​သိ နား​မ​လည်​စဉ်​အ​ခါ​က မိ​မိ​တို့​၏​စိတ်​ဆန္ဒ ရှိ​သည့်​အ​လျောက်​ပြု​ကျင့်​သ​ကဲ့​သို့​ဆက် လက်​မ​ပြု​ကျင့်​ကြ​နှင့်။-

ငါ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​အ​မြစ်​ဖြတ် ၍​ဖြောင့်​မတ်​ခြင်း​အ​တွက်​အ​သက်​ရှင်​နိုင် ကြ​စေ​ရန် ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​၏ အ​ပြစ်​များ​ကို​ကိုယ်​ခန္ဓာ​တော်​ပေါ်​တွင်​ယူ ဆောင်​ကာ​လက်​ဝါး​ကပ်​တိုင်​၌​ဒုက္ခ​ဝေ​ဒ​နာ ခံ​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​ဒဏ်​ရာ ဒဏ်​ချက်​များ​အား​ဖြင့်​အ​နာ​ပျောက်​လျက် ရှိ​ကြ​၏။-

ဘု​ရား​သ​ခင်​၏​သား​သ​မီး​ဖြစ်​လာ​သူ​သည် အ​ပြစ်​မ​ကူး​တတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို သူ​၌​ဘု​ရား​သ​ခင်​၏​ဇာ​တိ​သ​ဘော​ပါ​ရှိ သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​၏ သား​သ​မီး​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဒု​စ​ရိုက် မ​ပြု​နိုင်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ