Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရော​မ 2:25

Common Language Bible

သင်​သည်​ပညတ်​တ​ရား​ကို​စောင့်​ထိန်း​သူ​ဖြစ် ပါ​မူ သင်​၏​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​သည် အ​ဋ္ဌိပ္ပါယ်​ရှိ​၏။ သို့​ရာ​တွင်​အ​ကယ်​၍​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ပါ​က အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂလာ​မ​ခံ​ခဲ့​လျှင်​ပို​၍​ကောင်း​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ငါ နှင့်​သင်​တို့​ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​စောင့်​ကြ​လော့။ အ​ချင်း​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​တို့၊ ငါ့​အား​သင်​တို့​၏​ကိုယ်​ကို​ဆက်​ကပ် ကြ​လော့။ ဤ​သို့​မ​ပြု​ပါ​မူ​သင်​တို့​ကူး​လွန်​ခဲ့ သည့်​ဒု​စ​ရိုက်​များ​ကြောင့် ငါ​၏​အ​မျက်​တော် သည်​မီး​ကဲ့​သို့​တောက်​လောင်​လိမ့်​မည်။ ယင်း​ကို ငြိမ်း​သတ်​မည့်​သူ​လည်း​တစ်​စုံ​တစ်​ယောက် မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

``သင်​တို့​သည်​လွန်​စွာ​ခေါင်း​မာ​ကြ​သည် တ​ကား။ သင်​တို့​စိတ်​နှ​လုံး​သည်​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​စ​ကား​ကို​ကြား​နာ​ရန်​နား​ပင်း ကြ​သည်​တ​ကား။ သင်​တို့​သည်​မိ​မိ​တို့​ဘိုး ဘေး​များ​ကဲ့​သို့​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​အ​စဉ်​အ​မြဲ​ဆန့်​ကျင်​ဘက်​ပြု​ကြ​သည် တ​ကား။-

လူ​သည်​ပ​ညတ်​တ​ရား​ကို​ကြား​နာ​ရုံ​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​သူ မ​ဖြစ်​နိုင်။ ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​တိုင်း ပြု​ကျင့်​မှ​သာ​လျှင် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​သွယ်​သူ​ဖြစ်​နိုင်​၏။-

သင်​သည်​ပ​ညတ်​တ​ရား​ကို​အ​မှီ​ပြု​၍​ဂုဏ် ယူ​ဝါ​ကြွား​ပါ​လျက် အ​ဘယ်​ကြောင့်​ထို​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​၏​အ​သ​ရေ​တော်​ကို​ဖျက်​နေ​ပါ​သ​နည်း။-

အ​ကယ်​၍​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​မ​ခံ​သူ လူ​မျိုး​ခြား​တစ်​ယောက်​သည် ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​ချက်​များ​ကို​ထိန်း​သိမ်း​လိုက်​လျှောက် ပါ​မူ ထို​သူ​အား​ဘု​ရား​သ​ခင်​သည်​အ​ရေ ဖျား​လှီး​မင်္ဂလာ​ခံ​သူ​ကဲ့​သို့​မှတ်​ယူ​တော်​မူ မည်​မ​ဟုတ်​လော။-

သင်​သည်​အက္ခ​ရာ​တင်​ထား​သည့်​ပ​ညတ်​တ​ရား နှင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ခံ​ယူ​ရ​ရှိ​သူ​ဖြစ် ပါ​လျက်​ပညတ်​တော်​ကို​ချိုး​ဖောက်​ပေ​သည်။ ထို့ ကြောင့်​လူ​မျိုး​ခြား​တို့​သည်​သင်​တို့​ယု​ဒ​အ​မျိုး သား​အား​ပြစ်​ဒဏ်​စီ​ရင်​ကြ​လိမ့်​မည်။ သူ​တို့ သည်​ကာ​ယ​နှင့်​ဆိုင်​သော​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ကို​မ​ခံ​ကြ​သော်​လည်း​ပ​ညတ်​တော်​ကို စောင့်​ထိန်း​ကြ​၏။-

နိ​ဂုံး​ချုပ်​ရ​သော်​ယု​ဒ​အ​မျိုး​သား​ဟူ​၍​ထင် မှတ်​ခြင်း​ခံ​ရ​သူ​တိုင်း​သည် ယု​ဒ​အ​မျိုး​သား အ​စစ်​အ​မှန်​မ​ဟုတ်။ လူ​တစ်​ဦး​တစ်​ယောက် သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို​ခံ​ခြင်း​အား ဖြင့်​ယု​ဒ​အ​မျိုး​သား​ဖြစ်​၍​မ​လာ။-

အ​ရေ​ဖျား​လှီး​ခံ​သည်​မ​ခံ​သည်​မှာ​ပ​ဋ္ဌာ​န မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​ကို စောင့်​ထိန်း​ခြင်း​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ်​၏။-

အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ကြ​သူ​တို့​ပင်​လျှင် ပ​ညတ်​တ​ရား​ကို​မ​စောင့်​ထိန်း​ကြ​ချေ။ အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​သင်​တို့​ခံ​ယူ​သည့်​အ​တွက် ဂုဏ်​ယူ​ဝါ​ကြွား​လို​သ​ဖြင့်​သင်​တို့​အား​ခံ​ယူ စေ​လို​ခြင်း​ဖြစ်​၏။-

လူ​တစ်​စုံ​တစ်​ယောက်​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ခံ​သည်​မ​ခံ​သည်​မှာ အ​ရေး​မ​ကြီး​ပေ။ သတ္တဝါ သစ်​ဖြစ်​ခြင်း​သာ​လျှင်​အ​ရေး​ကြီး​၏။-

ကိုယ်​တော်​သည်​သင်​တို့​နှင့်​သင်​တို့​၏ အ​ဆက်​အ​နွယ်​တို့​အား နား​ထောင်​တတ် သော​သ​ဘော​ကို​ပေး​တော်​မူ​လိမ့်​မည်။ သင် တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​စိတ်​နှလုံး​အ​ကြွင်း​မဲ့​ချစ်​လျက် ထို​ပြည်​တွင်​ဆက်​လက်​နေ​ထိုင်​နိုင်​ရန်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ