ကျမ်းစာတော်တွင်``ယုဒအမျိုးသားတို့ကြောင့် လူမျိုးခြားတို့သည်ဘုရားသခင်၏နာမ တော်ကိုကဲ့ရဲ့ကြ၏'' ဟုဖော်ပြပါရှိ သည်။
သို့ရာတွင်သင်သည်ထိုအပြစ်ကိုကူးလွန် ရာတွင် ထာဝရဘုရားအားလွန်စွာမထီ မဲ့မြင်ပြုရာရောက်သဖြင့်သင့်ကလေး သည်သေရလိမ့်မည်'' ဟုဆင့်ဆိုပြီးလျှင်၊-
ထာဝရဘုရားကယခုအခါဗာဗုလုန်ပြည် တွင်လည်း ဤအတိုင်းပင်ဖြစ်ပြန်လေပြီ။ သင် တို့သည်ထိုပြည်တွင်အကြောင်းမဲ့သုံ့ပန်းများ ဖြစ်လျက်နေကြရ၏။ သင်တို့ကိုအုပ်စိုးသူ များသည်ပြောင်လှောင်ကာ ငါ့နာမတော်ကို အစဉ်ပင်မထီမဲ့မြင်ပြုကြ၏ဟုမိန့်တော် မူသည်။-
``သို့ဖြစ်၍အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အား ငါအရှင်ထာဝရ ဘုရားအဘယ်သို့မိန့်တော်မူသည်ကို ယခုဆင့်ဆိုလော့။ သူတို့၏ဘိုးဘေးများ သည်သစ္စာဖောက်ခြင်းအားဖြင့် ငါ့ကိုစော် ကားကြပြန်သည့်နည်းမှာဤသို့တည်း။-
လူသားတို့အားယုံကြည်ခြင်းပျက်ပြယ်စေ သောအရာများရှိသည့်အတွက်လူသားတို့ သည်အမင်္ဂလာရှိကြ၏။ ယုံကြည်ခြင်းကိုပျက် ပြယ်စေသောအရာများကားမုချရှိမည်။ သို့ ရာတွင်ယုံကြည်ခြင်းပျက်ပြယ်မှုကိုဖြစ် စေသောသူသည်အမင်္ဂလာရှိ၏။
သို့ဖြစ်၍ရန်သူတို့သည်ငါတို့အကြောင်း မကောင်းမပြောနိုင်စေရန် အသက်အရွယ်ငယ် သေးသည့်မုဆိုးမတို့သည် အိမ်ထောင်သားမွေး မှုကိုပြုလျက် မိမိတို့၏အိမ်မှုကိစ္စများကို ကြည့်ရှုစောင့်ထိန်းကြသည်ကိုငါလိုလား၏။-
ကျွန်ဖြစ်သူတို့သည်မိမိတို့၏သခင်များ အားရိုသေလေးစားထိုက်သူများဟုခံယူ ရကြမည်။ သို့မှသာလျှင်မည်သူမျှဘုရား သခင်၏နာမတော်နှင့် ငါတို့တရားတော် ကိုကဲ့ရဲ့ပြောဆိုလိမ့်မည်မဟုတ်။-
ဣန္ဒြေစောင့်စည်းမှု၊ ဖြူစင်မှု၊ အိမ်ရှင်မကောင်း ပီသမှုနှင့်ခင်ပွန်းသည်၏စကားကိုနား ထောင်မှုတို့ကိုလေ့ကျင့်သင်ကြားပေးနိုင်မည်။ ဤနည်းအားဖြင့်ဘုရားသခင်၏တရား တော်ကိုပုတ်ခတ်ပြောဆိုသူရှိမည်မဟုတ် ပေ။
သင်၏ရန်သူများသည်ငါတို့အားအဘယ် အမှုတွင်မျှအပြစ်ရှာ၍မရသဖြင့် အရှက် ကွဲကြစေရန်သင်သည်သူတစ်ပါးတို့ပြစ် တင်ဝေဖန်မှုမပြုနိုင်အောင်လျောက်ပတ်သည့် စကားကိုပြောဆိုလော့။
ဤသို့ဖြစ်လင့်ကစားလူအများပင်ထိုသူ တို့၏ညစ်ညမ်းသောလမ်းစဉ်ကိုလိုက်ကြလိမ့် မည်။ သူတို့၏အပြုအမူကြောင့်အခြားလူ တို့သည်သမ္မာတရားလမ်းစဉ်ကိုရှုတ်ချပြော ဆိုကြလိမ့်မည်။-