Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရု​သ 2:14

Common Language Bible

ထ​မင်း​စား​ချိန်​ရောက်​သော​အ​ခါ​၌ ဗော​ဇ သည်​ရု​သ​အား``လာ​၍​မုန့်​သုံး​ဆောင်​လော့။ မုန့်​ကို​အ​ချဉ်​ရည်​တွင်​နှစ်​၍​စား​လော့'' ဟု ဆို​၏။ သို့​ဖြစ်​၍​ရု​သ​သည် အ​လုပ်​သ​မား များ​နှင့်​အ​တူ​ထိုင်​လေ​သည်။ ထို​အ​ခါ​ဗော​ဇ သည်​သူ့​အား​ပေါက်​ပေါက်​အ​နည်း​ငယ်​ကို လှမ်း​၍​ပေး​၏။ ရု​သ​သည်​ဝ​အောင်​စား​ပြီး နောက်​မုန့်​ကျန်​သေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

တော​ကန္တာ​ရ​၌​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​တို့​သည် အ​စာ​ရေ​စာ​ငတ်​မွတ်​လျက်၊ နွမ်း​နယ်​လျက် နေ​ကြ​မည်​ကို​သူ​တို့​သိ​သော​ကြောင့် ခွက် ဖ​လား​များ၊ မြေ​အိုး​များ၊ အိပ်​ရာ​များ၊ ဂျုံ ဆန်၊ မု​ယော​ဆန်၊ မုန့်​ညက်၊ ပေါက်​ပေါက်၊ ပဲ​တောင့်၊ ပဲ​ကြား၊ ပျား​ရည်၊ ဒိန်​ခဲ၊ မ​လိုင်​နှင့်​သိုး​များ ကို​ယူ​ဆောင်​လာ​ကြ​၏။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် ရန်​သူ​အ​ပေါင်း​တို့​၏​ရှေ့​မှောက်​တွင်​စား​ပွဲ​ကို တည်​ခင်း​တော်​မူ​ပါ​၏။ ဧည့်​သည်​တော်​အ​ဖြစ်​ကျွန်​တော်​မျိုး​၏​ဦး​ခေါင်း​ကို ဆီ​လောင်း​၍​ကြို​ဆို​တော်​မူ​၏။ ကျွန်​တော်​မျိုး​၏​ခွက်​ဖ​လား​ကို​လည်း ပြည့်​လျှံ​အောင်​ဖြည့်​တော်​မူ​ပါ​၏။

သို့​ရာ​တွင်​ရိုး​ဖြောင့်​သူ​မူ​ကား​ရိုး​ဖြောင့်​စွာ ပြု​ကျင့်​တတ်​လျက် အ​မှန်​တ​ရား​ဘက်​မှ​စွဲ မြဲ​စွာ​ရပ်​တည်​နေ​တတ်​၏။

ဆာ​ငတ်​မွတ်​သိပ်​သူ​တို့​ကို​ကျွေး​မွေး​ခြင်း၊ နေ စ​ရာ​မ​ရှိ​သည့်​ဆင်း​ရဲ​သား​တို့​အား​နေ​ရာ ထိုင်​ခင်း​ပေး​အပ်​ခြင်း၊ အ​ဝတ်​အ​စား​ချို့​တဲ့ သူ​တို့​အား​ပေး​ကမ်း​၍​သင်​တို့​အ​မျိုး​သား များ​အား​ကူ​ညီ​မ​စ​ရ​မည့်​တာ​ဝန်​ကို​မ ရှောင်​မ​လွှဲ​ဘဲ​နေ​ခြင်း​တို့​ပင်​ဖြစ်​ပေ​သည်။

လူ​အ​ပေါင်း​တို့​သည်​အ​ဝ​စား​ရ​ကြ​သည်​သာ​မ​က မုန့်​နှင့်​ငါး​အ​ကြွင်း​အ​ကျန်​များ​ကို​ပင်​တစ်​ဆယ့် နှစ်​တောင်း​အ​ပြည့်​ကောက်​သိမ်း​ရ​သေး​၏။-

သင်​တို့​သည်​အ​စား​အ​စာ​ကို​ဝ​စွာ​စား​ရ​ကြ သ​ဖြင့် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော​ပြည်​ကို ပေး​သ​နား​တော်​မူ​သော သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​ကြ​လိမ့်​မည်။''

ရု​သ​က​လည်း``အ​ရှင်၊ အ​ရှင်​သည်​ကျွန်​မ အ​ပေါ်​တွင်​များ​စွာ​က​ရု​ဏာ​ထား​ပါ​ပြီ။ ကျွန်​မ​သည်​အ​ရှင့်​အ​စေ​ခံ​များ​၏​အ​ဆင့် အ​တန်း​ကို​မီ​သူ​ပင်​မ​ဟုတ်​သော်​လည်း အ​ရှင် သည်​ချို​သာ​စွာ​ပြော​ဆို​ခြင်း​အား​ဖြင့်​ကျွန်​မ ကို​အား​တက်​စေ​ပါ​၏'' ဟု​ပြန်​ပြော​၏။

ထို​နောက်​သူ​သည်​ကောက်​သင်း​ကောက်​ရန်​ထ ၍​သွား​သော​အ​ခါ ဗော​ဇ​သည်​အ​လုပ်​သ​မား များ​အား``သူ့​အား​ကောက်​လှိုင်း​စီး​များ​ချ ထား​ရာ​အ​ရပ်​၌​ပင် ကောက်​သင်း​ကောက်​ခွင့် ပြု​ကြ​လော့။ သူ့​အား​မ​ဟန့်​တား​ကြ​နှင့်။-

သူ​သည်​ထို​စပါး​ကို​ယူ​၍​မြို့​သို့​ပြန်​ပြီး လျှင် မိ​မိ​၏​ယောက္ခ​မ​အား​ပြ​၏။ မိ​မိ​ချန် ထား​သည့်​အ​စား​အ​စာ​ကို​လည်း​ပေး​၏။-

တစ်​နေ့​သ​၌​ယေ​ရှဲ​သည်​ဒါ​ဝိဒ်​အား``ဤ​ပေါက် ပေါက်​တစ်​တင်း​နှင့်​မုန့်​ဆယ်​လုံး​ကို​ယူ​၍​သင် ၏​အစ်​ကို​များ​ရှိ​ရာ​တပ်​စ​ခန်း​သို့​အ​မြန် သွား​လော့။-

အ​ဘိ​ဂဲ​လ​သည်​မုန့်​အ​လုံး​နှစ်​ရာ၊ စ​ပျစ်​ရည် အ​ပြည့်​ရှိ​သော​သား​ရေ​ဘူး​နှစ်​ဘူး၊ သိုး​ကင် ငါး​ကောင်၊ ပေါက်​ပေါက်​နှစ်​တင်း၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ​နှင့်​သင်္ဘော​သ​ဖန်း​သီး​ပျဉ် အ​ပြား​နှစ်​ရာ​ကို အ​လျင်​အ​မြန်​စု​ဆောင်း ပြီး​လျှင်​မြည်း​များ​အ​ပေါ်​သို့​တင်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ