ရုသ 2:13Common Language Bibleရုသကလည်း``အရှင်၊ အရှင်သည်ကျွန်မ အပေါ်တွင်များစွာကရုဏာထားပါပြီ။ ကျွန်မသည်အရှင့်အစေခံများ၏အဆင့် အတန်းကိုမီသူပင်မဟုတ်သော်လည်း အရှင် သည်ချိုသာစွာပြောဆိုခြင်းအားဖြင့်ကျွန်မ ကိုအားတက်စေပါ၏'' ဟုပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါလင်ဖြစ်သူသည်သူ့အားချော့မော့၍ မိမိထံပြန်လာရန်ကြိုးစားမည်ဟုဆုံးဖြတ် ကာ မိမိနှင့်အတူမြည်းနှစ်ကောင်နှင့်အစေခံ ကိုပါခေါ်၍သွား၏။ သူငယ်မသည်လေဝိ အမျိုးသားအားအိမ်ထဲသို့ဝင်ရန်ဖိတ်ခေါ် လိုက်ရာဖခင်ဖြစ်သူသည် သူ့ကိုမြင်လျှင် ဝမ်းမြောက်စွာကြိုဆိုလက်ခံလေသည်။-
ထမင်းစားချိန်ရောက်သောအခါ၌ ဗောဇ သည်ရုသအား``လာ၍မုန့်သုံးဆောင်လော့။ မုန့်ကိုအချဉ်ရည်တွင်နှစ်၍စားလော့'' ဟု ဆို၏။ သို့ဖြစ်၍ရုသသည် အလုပ်သမား များနှင့်အတူထိုင်လေသည်။ ထိုအခါဗောဇ သည်သူ့အားပေါက်ပေါက်အနည်းငယ်ကို လှမ်း၍ပေး၏။ ရုသသည်ဝအောင်စားပြီး နောက်မုန့်ကျန်သေး၏။-