ရုသ 2:11Common Language Bibleဗောဇက``သင်သည်ခင်ပွန်းကွယ်လွန်ချိန်မှစ ၍ မိမိ၏ယောက္ခမအားအဘယ်သို့ပြုစုခဲ့ သည်ကိုငါကြားသိပြီးပါပြီ။ သင်သည် အဘယ်သို့မိမိ၏မိဘများနှင့်တိုင်းပြည် ကိုစွန့်ခွာလျက် ယခင်အဘယ်အခါကမျှ မတွေ့မမြင်ဘူးသည့်အမျိုးသားတို့နှင့် အတူနေထိုင်ရန်လာရောက်ခဲ့ကြောင်းကို လည်းငါသိပါ၏။- အခန်းကိုကြည့်ပါ။ |
ဗောဇကလည်း``သင့်ကိုထာဝရဘုရား ကောင်းချီးပေးတော်မူပါစေ။ ယခုသင်ပြု သောအမှုသည် ယခင်ကသင့်ယောက္ခမအား ပြုခဲ့သည့်အမှုထက်ပင်ပို၍ သင်၏သစ္စာရှိ မှုကိုပေါ်လွင်စေပါ၏။ သင်သည်ဆင်းရဲသူ သို့မဟုတ်ချမ်းသာသူ လူပျိုလူရွယ်တစ်စုံ တစ်ယောက်ကိုရှာနိုင်သော်လည်းမရှာခဲ့ပါ။-
သင်၏ချွေးမသည်သင့်ကိုချစ်သဖြင့် သား ယောကျာ်းခုနစ်ယောက်ထက်ပင်သင့်အားပို ၍ပြုစုခဲ့သူဖြစ်ပေသည်။ ယခုသူသည် မြေးယောကျာ်းကလေးကို မွေးဖွားပေးလေ ပြီ။ ထိုသူငယ်သည်သင့်အားဘဝသစ်ကို ပေး၍ သင်အိုမင်းမစွမ်းရှိချိန်၌လုံခြုံ မှုကိုပေးမည့်သူဖြစ်ပါ၏'' ဟုပြောဆို ကြ၏။-