Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရု​သ 2:10

Common Language Bible

ရု​သ​သည်​မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ် လျက် ဗော​ဇ​အား``အ​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​မ​ကဲ့​သို့​နိုင်​ငံ​ခြား​သူ​တစ်​ဦး​ကို ဤ​မျှ ဂ​ရု​တ​စိုက်​ပြု​၍​သ​နား​ကြင်​နာ​ပါ​သ​နည်း'' ဟု​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မျက်​နှာ​ကို​မော်​ကြည့်​လိုက်​ရာ လူ​သုံး​ဦး​ရပ်​နေ​သည် ကို​တွေ့​မြင်​ရ​လေ​သည်။ အာ​ဗြ​ဟံ​သည်​သူ​တို့​ကို မြင်​လျှင် ခ​ရီး​ဦး​ကြို​ဆို​ခြင်း​ငှာ​ပြေး​သွား​လေ​၏။ သူ​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-

အ​ကျွန်ုပ်​ခ​မည်း​တော်​၏​အိမ်​ထောင်​စု​သား အ​ပေါင်း​တို့​သည် အ​ရှင်​၏​လက်​တွင်​ကွပ်​မျက် ခြင်း​ကို​ခံ​ထိုက်​သူ​များ​ဖြစ်​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အ​ရှင့်​စား တော်​ပွဲ​တွင်​စား​သောက်​ခွင့်​ကို​ပေး​တော်​မူ ပါ​၏။ အ​ရှင်​မင်း​ကြီး​ထံ​မှ​အ​ဘယ်​အ​ရာ ကို​မျှ​ထပ်​မံ​အ​သ​နား​ခံ​ရန်​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။

ဒါ​ဝိဒ်​မင်း​သည်​တဲ​တော်​သို့​ဝင်​ပြီး​လျှင်​ထိုင် ၍``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​၏​မိ​သား​စု​သည်​အ​ကျွန်ုပ်​အ​တွက် ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​ကျေး​ဇူး တော်​နှင့်​မ​ထိုက်​မ​တန်​ပါ။-

မေ​ဖိ​ဗော​ရှက်​သည်​တစ်​ဖန်​ဦး​ချ​ပြီး လျှင်``အ​ရှင်​ခွေး​သေ​ကောင်​သ​ဖွယ်​ဖြစ်​သူ ကျွန်​တော်​မျိုး​အား​အ​ရှင်​သည် အ​ဘယ် ကြောင့်​ဤ​သို့​ကျေး​ဇူး​ပြု​တော်​မူ​ပါ သ​နည်း'' ဟု​လျှောက်​၏။

သူ​တို့​အား​တိုင်း​ရင်း​သား​ချင်း​ကဲ့​သို့​ဆက်​ဆံ​၍ ကိုယ်​နှင့်​အ​မျှ​ချစ်​ခင်​ရ​မည်။ သင်​တို့​သည်​လည်း အီ​ဂျစ်​ပြည်​တွင်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နေ ထိုင်​ခဲ့​ရ​ဖူး​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။ ငါ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။

သင်​တို့​သည်​ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က ငါ့​ကို​ကျွေး​မွေး​ကြ​၏။ ငါ​ရေ​ငတ်​စဉ်​အ​ခါ​က သောက်​ရေ​ကို​ပေး​ကြ​၏။ ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ် အ​ခါ​က​ဧည့်​ဝတ်​ကို​ပြု​ကြ​၏။-

အ​ကျွန်ုပ်​အ​ရှင်​၏​မယ်​တော်​သည်​အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ထံ​သို့​ကြွ​လာ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ဤ​အ​ခွင့်​ထူး​ကို​အ​ကျွန်ုပ်​ခံ​စား​ရ​ပါ​သ​နည်း။-

ကိုယ်​တော်​သည်​မိ​မိ​အ​စေ​ခံ​၏​သိမ်​ငယ်​သော အ​ဖြစ်​ကို သ​တိ​ရ​တော်​မူ​ပြီ။ ယ​ခု​မှ​စ​၍​နောင်​လာ​နောက်​သား​အ​ပေါင်း​တို့​သည် ငါ့​ကို​မင်္ဂ​လာ​ရှိ​သူ​ဟု​ခေါ်​ကြ​လိမ့်​မည်။

သင်​တို့​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​အ​နေ ဖြင့်​တစ်​ဦး​ကို​တစ်​ဦး​ချစ်​ကြ​လော့။ တစ်​ဦး ကို​တစ်​ဦး​ချီး​မွမ်း​ရန်​လျင်​မြန်​ကြ​စေ။-

ဗော​ဇ​က``သင်​သည်​ခင်ပွန်း​ကွယ်​လွန်​ချိန်​မှ​စ ၍ မိ​မိ​၏​ယောက္ခ​မ​အား​အ​ဘယ်​သို့​ပြု​စု​ခဲ့ သည်​ကို​ငါ​ကြား​သိ​ပြီး​ပါ​ပြီ။ သင်​သည် အ​ဘယ်​သို့​မိ​မိ​၏​မိ​ဘ​များ​နှင့်​တိုင်း​ပြည် ကို​စွန့်​ခွာ​လျက် ယ​ခင်​အ​ဘယ်​အ​ခါ​က​မျှ မ​တွေ့​မ​မြင်​ဘူး​သည့်​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ထိုင်​ရန်​လာ​ရောက်​ခဲ့​ကြောင်း​ကို လည်း​ငါ​သိ​ပါ​၏။-

ရု​သ​က​လည်း``အ​ရှင်၊ အ​ရှင်​သည်​ကျွန်​မ အ​ပေါ်​တွင်​များ​စွာ​က​ရု​ဏာ​ထား​ပါ​ပြီ။ ကျွန်​မ​သည်​အ​ရှင့်​အ​စေ​ခံ​များ​၏​အ​ဆင့် အ​တန်း​ကို​မီ​သူ​ပင်​မ​ဟုတ်​သော်​လည်း အ​ရှင် သည်​ချို​သာ​စွာ​ပြော​ဆို​ခြင်း​အား​ဖြင့်​ကျွန်​မ ကို​အား​တက်​စေ​ပါ​၏'' ဟု​ပြန်​ပြော​၏။

နော​မိ​က``သင်​သည်​ယ​နေ့​အ​ဘယ်​မှာ​ကောက် သင်း​ကောက်​ခဲ့​ပါ​သ​နည်း။ မည်​သူ့​လယ်​တွင် ကောက်​ခဲ့​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည် သင့် ကို​ကြည့်​ရှု​သူ​အား​ကောင်း​ချီး​ပေး​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ရု​သ​သည်​ဗော​ဇ​အ​မည်​ရှိ​သူ​လူ တစ်​ဦး​၏​လယ်​တွင် မိ​မိ​ကောက်​သင်း​ကောက်​ခဲ့ ကြောင်း​ကို​နော​မိ​အား​ပြော​ပြ​လေ​သည်။

ရု​သ​က​နော​မိ​အား``ကောက်​ရိတ်​သူ​တို့​ချန် ထား​ခဲ့​သည့်​ကောက်​သင်း​ကို​ကောက်​ရန် ကျွန်​မ အား​လယ်​ကွင်း​များ​သို့​သွား​ခွင့်​ပြု​ပါ။ ကျွန် မ​သည်​ဤ​သို့​ကောက်​ခွင့်​ပြု​မည့်​တစ်​စုံ​တစ် ယောက်​ကို​တွေ့​ပါ​လိမ့်​မည်'' ဟု​ဆို​လျှင်၊ နော​မိ​က​လည်း``ငါ့​သ​မီး၊ သွား​လေ​တော့'' ဟု​ပြန်​ပြော​၏။

သူ​တို့​အ​ဘယ်​နေ​ရာ​တွင်​ကောက်​ရိတ်​ကြ​သည် ကို​စောင့်​၍ ကြည့်​ကာ​သူ​တို့​နှင့်​အ​တူ​လိုက်​သွား ပါ​လော့။ သင့်​အား​အ​နှောင့်​အ​ယှက်​မ​ပေး​ရန် ငါ​၏​အ​လုပ်​သ​မား​များ​ကို​မှာ​ထား​ပြီ။ သင် ရေ​ငတ်​သည့်​အ​ခါ​အိုး​ထား​ရာ​သို့​သွား​၍ သူ တို့​ခပ်​ထား​သည်​ရေ​ကို​သောက်​ပါ​လော့'' ဟု ဆို​၏။

အ​ဘိ​ဂဲ​လ​သည်​ဒါ​ဝိဒ်​ကို​မြင်​လျှင်​ဆော​လျင် စွာ​မြည်း​ပေါ်​မှ​ဆင်း​၍ ဒါ​ဝိဒ်​၏​ခြေ​ရင်း​တွင် မြေ​ပေါ်​သို့​လှဲ​ချ​ကာ ဤ​သို့​လျှောက်​၏။ ``အ​ရှင်၊ ကျေး​ဇူး​ပြု​၍​ကျွန်​မ​၏​စ​ကား​ကို​နား​ထောင် တော်​မူ​ပါ။ ဖြစ်​ခဲ့​သ​မျှ​အ​မှု​အ​တွက်​ကျွန်​မ ကို​ပင်​အ​ပြစ်​တင်​တော်​မူ​ပါ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ