ယုဒပြည်သို့စတင်ထွက်ခွာလာကြစဉ်၊-
ခုနစ်နှစ်စေ့သောအခါသူသည်ဣသရေလ ပြည်သို့ပြန်လာပြီးလျှင် မင်းကြီးထံသို့သွား ၍မိမိ၏အိမ်နှင့်မြေကိုပြန်လည်ပေးသနား တော်မူရန်လျှောက်ထား၏။-
ထိုနောက်ယေသရောသည် မောရှေအားနှုတ် ခွန်းဆက်သ၍ မိမိ၏နေရပ်သို့ပြန်သွား လေသည်။
``ကျွန်မတို့သည်အိမ်သို့မပြန်လိုပါ။ မိခင် နှင့်အတူ မိခင်၏အမျိုးသားများထံသို့ လိုက်ပါမည်'' ဟုဆိုကြ၏။
သူတို့သည်လည်းတစ်ဖန်ငိုကြွေးကြ၏။ ထို နောက်သြရပသည် မိမိ၏ယောက္ခမအား နမ်းရှုတ်နှုတ်ဆက်ပြီးလျှင်အိမ်သို့ပြန်လေ၏။ ရုသမူကားမပြန်ဘဲနေ၏။-
ကာလအတန်ကြာသောအခါ ထာဝရဘုရား သည်ကောက်ပဲသီးနှံအထွက်များစေခြင်းအား ဖြင့် မိမိ၏လူစုအားကောင်းချီးပေးတော်မူ ကြောင်းသတင်းကိုနောမိကြားရလေသည်။ သို့ ဖြစ်၍သူသည်မိမိ၏ချွေးမများနှင့်အတူ မောဘပြည်မှထွက်ခွာရန်အသင့်ပြင်လေ၏။-
နောမိကချွေးမများအား``သင်တို့သည် ကိုယ့်မိခင်များအိမ်သို့ပြန်ကြလော့။ သင်တို့သည်ငါ၏အပေါ်၌သော်လည်းကောင်း၊ ကွယ်လွန်သွားသူတို့၏အပေါ်၌လည်းကောင်း ကျေးဇူးပြုခဲ့ကြသည်နည်းတူ ထာဝရဘုရားသည် သင်တို့အားကျေးဇူးပြုတော်မူပါစေသော။-