ရုသ 1:6Common Language Bibleကာလအတန်ကြာသောအခါ ထာဝရဘုရား သည်ကောက်ပဲသီးနှံအထွက်များစေခြင်းအား ဖြင့် မိမိ၏လူစုအားကောင်းချီးပေးတော်မူ ကြောင်းသတင်းကိုနောမိကြားရလေသည်။ သို့ ဖြစ်၍သူသည်မိမိ၏ချွေးမများနှင့်အတူ မောဘပြည်မှထွက်ခွာရန်အသင့်ပြင်လေ၏။- အခန်းကိုကြည့်ပါ။ |
ယောသပ်အားကောင်းချီးပေးလေသည်။ ``ငါ၏အဘိုးအာဗြဟံနှင့်အဖဣဇာက်တို့ ကိုးကွယ်သောဘုရားသခင်၊ ငါ့ကိုယနေ့တိုင်အောင်စောင့်ရှောက်တော်မူသော ဘုရားသခင်၊ငါ့ကိုဘေးအန္တရာယ်အပေါင်းတို့မှ ကယ်တင်တော်မူသောကောင်းကင်တမန်သည် ဤသူငယ်တို့အားကောင်းချီးပေးတော်မူပါ စေသော။ ငါ၏နာမည်၊ငါ၏အဘိုးအာဗြဟံနှင့် အဖဣဇာက်တို့၏နာမည်သည် သူတို့အားဖြင့်တည်မြဲနိုင်ပါစေသော။ သူတို့၏အဆက်အနွယ်သည်တိုးပွား များပြားကြပါစေသော။''
သင်သွား၍ဣသရေလအမျိုးသားခေါင်း ဆောင်တို့ကိုစုရုံးလျက် သူတို့အားသင်တို့ ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားကိုဖူးမြင် ရ၍၊ ထိုဘုရားကသင်တို့အားငါသည်သင် တို့ထံသို့ကြွလာလျက်အီဂျစ်အမျိုးသား တို့ကသင်တို့အားပြုသောအမှုကိုမြင် ရပြီ။-
အသက်မသေဘဲကျန်ရှိသူယုဒပြည် သားတို့သည်သင်တို့ပြည်ကိုသိမ်းယူကြ လိမ့်မည်။ သူတို့သည်ထိုအရပ်တွင်သိုးအုပ် များကိုထိန်းကျောင်းကာအာရှကေလုန် မြို့ရှိနေအိမ်များတွင်အိပ်ကြလိမ့်မည်။ သူ တို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၍သူတို့အား တစ်ဖန်ပြန်ကောင်းစားစေတော်မူလိမ့်မည်။
သူတို့သည်သင့်ကိုလည်းကောင်း၊ သင်၏မြို့ရိုး အတွင်းရှိလူအပေါင်းတို့ကိုလည်းကောင်း ဖျက် ဆီးသုတ်သင်ကြလိမ့်မည်။ ကျောက်တစ်ချပ် ပေါ်တစ်ချပ်မျှတင်၍နေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်သည်မိမိအား ကယ်တင်ရန် ဘုရားသခင်ကြွလာသည့် အချိန်ကာလကိုမသိမမြင်သောကြောင့် ဖြစ်၏'' ဟုမိန့်တော်မူ၏။
မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။