ရုသ 1:17Common Language Bibleမိခင်သေရာအရပ်တွင်ကျွန်မသေပါ မည်။ ထိုအရပ်တွင်သင်္ဂြိုဟ်ခြင်းကိုခံပါမည်။ အကယ်၍ကျွန်မသည် သေခြင်းမှတစ်ပါး အခြားအကြောင်းတစ်ခုခုကြောင့် မိခင်နှင့် ခွဲခွာခဲ့လျှင်ဘုရားသခင်သည် ကျွန်မအား အဆိုးရွားဆုံးသောအပြစ်ဒဏ်ကိုပေး တော်မူပါစေသော'' ဟုပြန်ပြောလေသည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ရှောလုနှင့်သူ၏သား မြေးများထံမှနိုင်ငံတော်ကိုရုပ်သိမ်း၍ ဒါဝိဒ်အားနိုင်ငံတစ်စွန်းမှတစ်စွန်းတိုင်အောင် ဣသရေလပြည်နှင့်ယုဒပြည်တို့၏ဘုရင် အဖြစ်ခန့်ထားတော်မူမည်ဟုကတိပြုတော် မူခဲ့၏။ ယခုငါသည်ထိုကတိတော်အကောင် အထည်ပေါ်စေရန်မဆောင်ရွက်ပါမူ ဘုရားသခင်သည်ငါ့အားအပြစ်ဒဏ်ခတ်တော်မူ ပါစေသော'' ဟုဆို၏။-
သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
သို့ရာတွင်ရုသက``မိခင်ကိုစွန့်ခွာရန် ကျွန်မ အားမတိုက်တွန်းပါနှင့်။ မိခင်နှင့်လိုက်ခွင့်ပြု ပါ။ ကျွန်မသည်မိခင်သွားရာသို့သွားပါ မည်။ မိခင်နေထိုင်ရာတွင်နေထိုင်ပါမည်။ မိခင်၏အမျိုးသားများသည်ကျွန်မ၏ အမျိုးသားများ၊ မိခင်၏ဘုရားသည် ကျွန်မ၏ဘုရားဖြစ်ပါမည်။-
သင်၏ချွေးမသည်သင့်ကိုချစ်သဖြင့် သား ယောကျာ်းခုနစ်ယောက်ထက်ပင်သင့်အားပို ၍ပြုစုခဲ့သူဖြစ်ပေသည်။ ယခုသူသည် မြေးယောကျာ်းကလေးကို မွေးဖွားပေးလေ ပြီ။ ထိုသူငယ်သည်သင့်အားဘဝသစ်ကို ပေး၍ သင်အိုမင်းမစွမ်းရှိချိန်၌လုံခြုံ မှုကိုပေးမည့်သူဖြစ်ပါ၏'' ဟုပြောဆို ကြ၏။-
သူသည်သင့်ကိုဘေးအန္တရာယ်ပြုရန်ကြံစည် ပါမူ ကျွန်ုပ်သည်သင့်အားဘေးလွတ်လုံခြုံရာ သို့ထွက်ခွာသွားနိုင်ရန်အကြောင်းမကြားဘဲ နေခဲ့သော် ထာဝရဘုရားသည်ကျွန်ုပ်အား အဆုံးစီရင်တော်မူပါစေသော။ ထာဝရ ဘုရားသည်ကျွန်ုပ်၏ခမည်းတော်နှင့်အတူ ရှိတော်မူခဲ့သည်နည်းတူ သင်နှင့်အတူ ရှိတော်မူပါစေသော။-