ရုသ 1:16Common Language Bibleသို့ရာတွင်ရုသက``မိခင်ကိုစွန့်ခွာရန် ကျွန်မ အားမတိုက်တွန်းပါနှင့်။ မိခင်နှင့်လိုက်ခွင့်ပြု ပါ။ ကျွန်မသည်မိခင်သွားရာသို့သွားပါ မည်။ မိခင်နေထိုင်ရာတွင်နေထိုင်ပါမည်။ မိခင်၏အမျိုးသားများသည်ကျွန်မ၏ အမျိုးသားများ၊ မိခင်၏ဘုရားသည် ကျွန်မ၏ဘုရားဖြစ်ပါမည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့အား တစ်ဖန်ကရုဏာသက် တော်မူပြန်၏။ မိမိပိုင်ဆိုင်သူများအဖြစ်ဖြင့် ရွေးချယ်တော်မူလိမ့်မည်။ ကိုယ်တော်သည်သူ တို့အားမိမိတို့နေရင်းပြည်၌ပြန်လည်နေ ထိုင်ခွင့်ပြုတော်မူလိမ့်မည်။ လူမျိုးခြားများ သည်သူတို့နှင့်အတူလာရောက်နေထိုင် ကြလိမ့်မည်။-
``ထိုကြောင့်ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူမျိုးအသီးသီးနှင့်နိုင်ငံ အသီးသီးကမည်သူမဆိုရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၏ဘုရားအားမရို မသေပြောဆိုသည်ဆိုအံ့၊ ထိုသူအားအပိုင်း ပိုင်းဖြတ်၍နေအိမ်ကိုလည်း ပြာပုံဖြစ်စေ ဟုယခုငါအမိန့်ပေး၏။ ထိုသူသုံးဦးတို့ ၏ဘုရားကဲ့သို့အဘယ်ဘုရားမျှမကယ် တင်နိုင်'' ဟုမိန့်တော်မူ၏။
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
သင်တို့ထံငါတို့လာရောက်စဉ်အခါက သင်တို့အဘယ်သို့ဧည့်ခံကြိုဆိုကြကြောင်း ကိုလည်းကောင်း၊ အသက်ရှင်တော်မူသောဘုရား စစ်ဘုရားမှန်ကိုကိုးကွယ်နိုင်ရန်နှင့် ကောင်းကင် ဘုံမှကိုယ်တော်၏သားတော်ကြွလာတော်မူ မည်ကိုစောင့်မျှော်နိုင်ရန် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံတော်သို့သင်တို့အဘယ်သို့ ချဉ်းကပ်လာကြကြောင်းကိုလည်းကောင်း ထို သူအပေါင်းတို့ပြောဆို၏။ ထိုသားတော် ယေရှုကားသေခြင်းမှဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသော၊ သက် ရောက်မည့်အမျက်တော်မှငါတို့အား ကယ်ဆယ်တော်မူသောအရှင်ဖြစ်သတည်း။
အကျွန်ုပ်တို့သည်ဤပြည်ထဲသို့ချီတက် လာစဉ်က ကိုယ်တော်သည်ဤဒေသရှိအာ မောရိအမျိုးသားအပေါင်းတို့ကိုနှင်ထုတ် တော်မူခဲ့ပါသည်။ သို့ဖြစ်၍အကျွန်ုပ်တို့ သည်ထာဝရဘုရားကိုသာဝတ်ပြုကိုး ကွယ်ပါမည်။ ကိုယ်တော်သည်အကျွန်ုပ်တို့ ၏ဘုရားဖြစ်တော်မူ၏'' ဟုဖြေကြား ကြ၏။
မိခင်သေရာအရပ်တွင်ကျွန်မသေပါ မည်။ ထိုအရပ်တွင်သင်္ဂြိုဟ်ခြင်းကိုခံပါမည်။ အကယ်၍ကျွန်မသည် သေခြင်းမှတစ်ပါး အခြားအကြောင်းတစ်ခုခုကြောင့် မိခင်နှင့် ခွဲခွာခဲ့လျှင်ဘုရားသခင်သည် ကျွန်မအား အဆိုးရွားဆုံးသောအပြစ်ဒဏ်ကိုပေး တော်မူပါစေသော'' ဟုပြန်ပြောလေသည်။
သင်၏ချွေးမသည်သင့်ကိုချစ်သဖြင့် သား ယောကျာ်းခုနစ်ယောက်ထက်ပင်သင့်အားပို ၍ပြုစုခဲ့သူဖြစ်ပေသည်။ ယခုသူသည် မြေးယောကျာ်းကလေးကို မွေးဖွားပေးလေ ပြီ။ ထိုသူငယ်သည်သင့်အားဘဝသစ်ကို ပေး၍ သင်အိုမင်းမစွမ်းရှိချိန်၌လုံခြုံ မှုကိုပေးမည့်သူဖြစ်ပါ၏'' ဟုပြောဆို ကြ၏။-