ယေရမိ 8:22Common Language Bibleဂိလဒ်ပြည် ၌ဆေးဝါးမရှိတော့ပြီလော။ ဆေးသမားလည်းမရှိတော့ပြီလော။ အဘယ်ကြောင့်ငါ့အမျိုးသားများ၏ အနာရောဂါကို ပျောက်ကင်းအောင်မကုသကြပါသနည်း။ အခန်းကိုကြည့်ပါ။ |
ထိုအခါသူတို့အဖက``သို့ဖြစ်လျှင်ဤကဲ့ သို့ပြုလုပ်ကြလော့။ ခါနာန်ပြည်မှအကောင်း ဆုံးထွက်ကုန်များဖြစ်သောဗာလစံစေးအနည်း ငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုဘုရင်ခံအား လက်ဆောင်ဆက်သရန်သင်တို့အိတ်များတွင် ထည့်၍ယူသွားကြလော့။-
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ယုဒ ပြည်ကို အပြီးအပိုင်ပစ်ပယ်တော်မူပါပြီလော။ ဇိအုန်မြို့သားတို့အားမုန်းတီးရွံရှာတော် မူပါသလော။ ကျွန်တော်မျိုးတို့၏အနာကိုကုသ၍ မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အား၊ဤမျှပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့သည်ငြိမ်းချမ်းသာယာမှုကို စောင့်မျှော်ကြသော်လည်းအချည်းနှီးသာ ဖြစ်ပါ၏။ အနာပျောက်လိမ့်မည်ဟုမျှော်လင့်ကြသော်လည်း ထိတ်လန့်၍သာလာရကြပါ၏။