Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 8:21

Common Language Bible

ငါ​၏​အ​မျိုး​သား​တို့​သည်​အ​ချေ​မှုန်း​ခံ​ရ ကြ​သ​ဖြင့် ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​မွ​လျက်​ရှိ​၏။ ငါ​သည်​ငို​ကြွေး​မြည်​တမ်း​လျက်၊အ​လွန့်​အ​လွန် တုန်​လှုပ်​ချောက်​ချား​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

``အ​ရှင်​မင်း​ကြီး​သည်​ထာ​ဝ​စဉ်​သက် တော်​ရှည်​ပါ​စေ​သော။ ကျွန်​တော်​မျိုး​၏ ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ်​ရာ​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​မြို့​တံ​ခါး​များ သည်​လည်း​မီး​လောင်​ကျွမ်း​ကုန်​ပြီ​ဖြစ် သ​ဖြင့် ကျွန်​တော်​မျိုး​သည်​အ​ဘယ်​သို့ လျှင်​မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ​နေ​နိုင်​ပါ မည်​နည်း'' ဟု​ပြန်​လည်​လျှောက်​ထား​၏။

ငါ​၏​ကြေ​ကွဲ​မှု​ကို​ပြည်​သူ​တို့​အား​ဤ​သို့ ပြော​ပြ​ရန်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့် ပေး​တော်​မူ​၏။ ``ငါ​၏​မျက်​စိ​များ​သည်​နေ့​ညဥ့်​မ​ပြတ် မျက်​ရည်​ထွက်​လျက်​နေ​ပါ​စေ​သော။ ငါ့​အ​မျိုး​သား​တို့​သည်​ပြင်း​စွာ ဒဏ်​ရာ​ရ​လျက် များ​စွာ​နာ​ကျင်​လျက်​ရှိ​သ​ဖြင့်၊ငါ​သည်​အ​ဘယ် အ​ခါ​၌​မျှ​အ​ငို​မ​တိတ်​နိုင်​ဘဲ​ရှိ​ပါ​စေ​သော။

``ယု​ဒ​ပြည်​သည်​ငို​ကြွေး​လျက်​နေ​၏။ ယု​ဒ​မြို့​တို့​သည်​နွမ်း​လျ​လျက်​နေ​၏။ ယု​ဒ​ပြည်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​အော်​ဟစ်​လျက် အ​ကူ​အ​ညီ​တောင်း​ခံ​၍​နေ​၏။

သို့​ရာ​တွင်``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​သိုး​ထိန်း​အ​ဖြစ်​မှ​ရှောင်​လွှဲ​ခဲ့​ခြင်း​မ​ရှိ​ပါ။ ဆင်း​ရဲ​ဒုက္ခ​ရောက်​မည့်​နေ့​ကို​မ​တောင့်​တ​ခဲ့ ကြောင်း​ကို​လည်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​နှုတ်​မှ​ထွက်​သည့်​စ​ကား​များ ကို​ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။-

ငါ့​အ​သည်း​နာ​လှ​၏။ မ​ခံ​မ​ရပ်​နိုင်​အောင် အ​သည်း​နာ​၏။ ငါ​သည်​ပြင်း​စွာ​နှ​လုံး​တုန်၊ရင်​ခုန်​လျက် နေ​ပါ​သည်​တ​ကား။ ငါ​သည်​အ​ငြိမ်​မ​နေ​နိုင်​တော့​ပြီ။ တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​လည်း​ကောင်း၊တိုက်​ပွဲ ကြွေး​ကြော်​သံ​များ​ကို​လည်း​ကောင်း​ငါကြား ရ​၏။

လူ​တို့​က​လည်း``နွေ​ရာ​သီ​ကုန်​ဆုံး​၍​အ​သီး အ​နှံ ရိတ်​သိမ်း​ချိန်​ကုန်​လွန်​ပြီ​ဖြစ်​သော်​လည်း၊ ငါ​တို့​သည်​ကယ်​တင်​ခြင်း​မ​ခံ​ရ​ကြ​သေး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။

ငါ​သည်​အ​သတ်​ခံ​ကြ​သော မိ​မိ​အ​မျိုး​သား​များ​အ​တွက်​နေ့​ရော​ညဥ့်​ပါ ငို​ကြွေး​နိုင်​ရန်​ငါ​၏​မျက်​စိ​များ​သည် မျက်​ရည်​စမ်း​ကဲ့​သို့​လည်း​ကောင်း၊ ငါ​၏​ဦး​ခေါင်း​သည်​လည်း​ရေ​တွင်း​ကဲ့​သို့ လည်း​ကောင်း ဖြစ်​စေ​ချင်​စမ်း​ပါ​ဘိ။

ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​ပြစ်​ဒဏ်​ခတ်​ခြင်း ဆို​သည်​မှာ ဘယ်​သို့​ဖြစ်​သည်​ကို​သိ​ရ​သော​သူ​ဖြစ်​ပါ​၏။

သူ​တို့​ချဉ်း​ကပ်​လာ​သော​အ​ခါ၊လူ​အ​ပေါင်း တို့​သည် ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ လူ​တိုင်း​၏​မျက်​နှာ​တွင်​သွေး​မ​ရှိ​တော့​ပေ။

နိ​နေ​ဝေ​မြို့​သည်​ပျက်​စီး​၍​သွား​လေ​ပြီ။ လူ​သူ​မ​ရှိ။ ဆိတ်​ညံ​ရာ​ဖြစ်​လျက်​နေ​၏။ လူ​တို့​သည်​အ​လွန်​ကြောက်​လန့်​သ​ဖြင့်​နှ​လုံး ခုန်​ရပ်​လု​နီး၊ ဒူး​များ​တုန်​လျက်​အား​အင်​ကုန်​ခန်း​၍​သွား​ကြ​၏။ သူ​တို့​၏​မျက်​နှာ​တွင်​လည်း​သွေး​မ​ရှိ​တော့။

ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့​ရောက် ၍ ထို​မြို့​ကို​မြင်​တော်​မူ​လျှင်​ငို​ကြွေး​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ