ယေရမိ 52:1Common Language Bibleဇေဒကိသည်နန်းတက်စဉ်အခါကအသက် နှစ်ဆယ့်တစ်နှစ်ရှိ၍ ယေရုရှလင်မြို့တွင်တစ် ဆယ့်တစ်နှစ်မျှနန်းစံရလေသည်။ သူ့မယ် တော်မှာလိဗနမြို့သားယေရမိ၏သမီး ဟာမုတလဖြစ်၏။- အခန်းကိုကြည့်ပါ။ |
ဇေဒကိသည်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုပုန်ကန်သဖြင့် နေဗုခဒ်နေဇာသည် မိမိ၏ တပ်မတော်နှင့်လာရောက်၍ ဇေဒကိ၏နန်းစံ ကိုးနှစ်၊ ဆယ်လနှင့်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ကိုတိုက်ခိုက်လေသည်။ သူသည်မြို့ပြင်၌ တပ်စခန်းချပြီးလျှင် မြို့ပတ်လည်တွင်မြေ ကတုတ်များကိုဖို့လုပ်၏။-