Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 51:64

Common Language Bible

ထို​နောက်`ဗာ​ဗု​လုန်​မြို့​သည်​ဤ​အ​တိုင်း​ဖြစ် ပျက်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ပျက်​စီး စေ​တော်​မူ​မည်​ဖြစ်​၍ ထို​မြို့​သည်​နစ်​မြုပ် ပြီး​လျှင်​နောက်​တစ်​ဖန်​ပြန်​၍​ပေါ်​လာ​လိမ့် မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟု​ဆို​၏။ ဤ​ကား​ယေ​ရ​မိ​မှာ​ကြား​သည့်​စ​ကား​များ ပြီး​ဆုံး​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယော ပင်အတွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို၏။ ယောဘမြွက်ဆိုသောစကားပြီး၏။

ဤ​တွင်​ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​၏​ဆု​တောင်း​ပတ္ထနာ များ​ပြီး​ဆုံး​၏။

ကိုယ်​တော်​သည်​မာန်​မာန​ကြီး​သူ​မင်း​သား တို့​၏ စိတ်​ကို​နှိမ့်​ချ​တော်​မူ​လျက်​ဘုန်း​ကြီး​သည့် ဘု​ရင်​တို့​အား​ထိတ်​လန့်​တုန်​လှုပ်​စေ​တော်​မူ​၏။

သင့်​မှာ​အ​ကြံ​ပေး​အ​ရာ​ရှိ​အ​မြောက်​အ​မြား ရှိ​ပါ​သော်​လည်း၊သင်​သည်​အ​ဘယ်​သို့​မျှ မ​တတ်​နိုင်။ ကြယ်​တာ​ရာ​တို့​ကို​ကြည့်​ရှု​လေ့​လာ​သူ​များ မိုး​ကောင်း​ကင်​တွင်​ဇုံ​နယ်​များ​ဆွဲ​ကာ၊ တစ်​လ​ပြီး​တစ်​လ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​ကို သင့်​အား​ကြို​တင်​ဖော်​ပြ​ကြ​သူ၊ သင်​၏​အ​ကြံ​ပေး​အ​ရာ​ရှိ​များ​သည်​လာ​၍ သင့်​ကို​ကယ်​ကြ​ပါ​လေ​စေ။

``ကိုယ်​တော်​က​ဥ​ဖ​ရတ်​မြစ်​သို့​သွား​လော့။ သင် ဝတ်​ဆင်​ထား​သည့်​ခါး​ဝတ်​ကို​ချွတ်​၍​ကျောက် တွင်း​၌​ဝှက်​ထား​လော့'' ဟု​မိန့်​တော်​မူ​၏။-

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မိ​မိ နှင့်​အ​တူ​လိုက်​ပါ​လာ​သူ​တို့​၏​ရှေ့​တွင်​အိုး ကို​ခွဲ​စေ​တော်​မူ​ပြီး​လျှင်၊-

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အား​မူး ယစ်​အော့​အန်​သည့်​တိုင်​အောင်၊ သူ​တို့​ထံ​သို့​ငါ စေ​လွှတ်​သည့်​စစ်​မက်​အန္တ​ရာယ်​ကြောင့်​ပြို​လဲ​၍ မ​ထ​နိုင်​သည့်​တိုင်​အောင်​အ​မျက်​တော်​ရည် ကို​သောက်​ကြ​ရန်​မိန့်​တော်​မူ​ကြောင်း​ဆင့် ဆို​လော့။-

ပင်​လယ်​ရေ​သည်​ဗာ​ဗု​လုန်​ပြည်​ပေါ်​သို့ လှိမ့်​တက်​ကာ​လှိုင်း​တံ​ပိုး​များ​ဖြင့်​ဖုံး လွှမ်း​လိုက်​လေ​ပြီ။-

တန်​ခိုး​ကြီး​သည့်​ဗာ​ဗု​လုန်​မြို့​၏​မြို့​ရိုး​များ​သည် ပြို​ကျ​ရ​လိမ့်​မည်။ မြင့်​မား​သော​မြို့​တံ​ခါး​တို့​သည်​လည်း မီး​လောင်​ကျွမ်း​၍​သွား​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​လုပ်​ဆောင်​ထား​သော​အ​ရာ များ​သည် အ​ချည်း​နှီး​ဖြစ်​လျက် သူ​တို့​ကြိုး​ပမ်း​အား​ထုတ်​ခဲ့​မှု​များ​သည်​လည်း မီး​တောက်​တွင်​ပျောက်​လွင့်​သွား​ကြ​၏။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​မိတ်​ဆွေ​များ​ကို​လိမ်​လည်​လှည့်​စား ကြ​၏။ အ​ဘယ်​သစ္စာ​စ​ကား​ကို​မျှ​မ​ပြော​မ​ဆို​ကြ။ သူ​တို့​သည်​မု​သား​စ​ကား​ပြော​ဆို​တတ်​ရန် မိ​မိ​တို့​နှုတ်​ကို​သွန်​သင်​ထား​ကြ​၏။ အ​ပြစ်​ကို​ပြု​၍​မိ​မိ​တို့​ကိုယ်​ကို​မော​ပန်း စေ​ကြ​ပြီ။

သင်​သည်​ဆုံး​ပါး​လေ​ပြီ။ ထာ​ဝ​စဉ်​ဆုံး​ပါး လေ​ပြီ။ သင့်​ကို​သိ​ရှိ​ခဲ့​ကြ​သော​လူ​မျိုး အ​ပေါင်း​တို့​သည် သင်​၏​ကံ​ကြမ္မာ​မျိုး​နှင့် ကြုံ​တွေ့​ရ​ကြ​မည်​ကို​စိုး​ရိမ်​ကြောက်​လန့် လျက်​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​နှိမ်​နင်း​အောင်​မြင်​သည့်​လူ​မျိုး​တို့​သည်​% အ​ချည်း​နှီး​အ​လုပ်​ကြမ်း​ကို​လုပ်​လျက်​ပင်​ပန်း​% နွမ်း​နယ်​ရ​ကြ​ပေ​သည်။ သူ​တို့​တည်​ဆောက်​ခဲ့​% သ​မျှ​သော​အ​ဆောက်​အ​ဦ​တို့​သည်​မီး​လောင်​% ကျွမ်း​၍​သွား​လေ​ပြီ။ ဤ​အ​မှု​ကား​အ​နန္တ​% တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​% အမှု​ဖြစ်​၏။-%

ထို​နောက်​ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​ပေါ်​လာ ပြီး​လျှင်၊ ``ဗာ​ဗု​လုန်​မြို့​ကြီး​ပြို​ပျက်​လေ​ပြီ၊ ပြို​ပျက်​လေ​ပြီ။ ထို​မြို့​သည်​ကာ​မ​ဂုဏ်​လိုက် စား​မှု​တည်း​ဟူ​သော​စ​ပျစ်​ရည်​ကို​လူ​မျိုး တ​ကာ​တို့​အား​တိုက်​လေ​ပြီ'' ဟု​ကြွေး​ကြော်​၏။

သူ​သည်​အ​သံ​ကျယ်​စွာ​ဖြင့်``ဗာ​ဗု​လုန်​မြို့​ကြီး သည်​ပျက်​သုဉ်း​လေ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကြီး​ပျက် သုဉ်း​လေ​ပြီ။ ယ​ခု​ထို​မြို့​သည်​နတ်​မိစ္ဆာ​များ နှင့်​ညစ်​ညမ်း​သော​နတ်​တို့​နေ​ထိုင်​ရာ၊ စက်​ဆုပ် ဖွယ်​ကောင်း​သည့်​ငှက်​ဆိုး​တို့​မှီ​ခို​ရာ​အ​ရပ် ဖြစ်​လေ​ပြီ။-

ထို​နောက်​ခွန်​အား​ကြီး​သော​ကောင်း​ကင်​တ​မန် တစ်​ပါး​သည်​ကြိတ်​ဆုံ​ကျောက်​ကြီး​ခန့်​ရှိ​သော ကျောက်​တုံး​တစ်​ခု​ကို​ယူ​၍​ပင်​လယ်​ထဲ​သို့​ပစ် ချ​လိုက်​ပြီး​လျှင်``ဗာ​ဗု​လုန်​မြို့​ကြီး​သည်​ဤ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန်​ထို မြို့​ကို​ပြန်​၍​တွေ့​မြင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ