ယေရမိ 50:37Common Language Bibleသူတို့၏မြင်းများ၊စစ်ရထားများကို ဖျက်ဆီးပစ်ကြလော့။ ငှားရမ်းထားသည့်စစ်သည်တပ်သားတို့ သည် သေဆုံးရကြလိမ့်မည်။ သူတို့သည်အလွန်အားအင်ချည့်နဲ့လျက် နေကြ၏။ ဗာဗုလုန်မြို့၏ပစ္စည်းဘဏ္ဍာများကို ဖျက်ဆီးပစ်ကြလော့။ ယင်းတို့ကိုတိုက်ခိုက်လုယက်ကြလော့။ အခန်းကိုကြည့်ပါ။ |
အီဂျစ်အမျိုးသားတို့သည်မိန်းမကဲ့သို့ သဝန်ကြောင်ကြမည့်အချိန်ကာလ ကျရောက် လာလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရား သည်သူတို့အားအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုချိန်ရွယ်လျက်ထားတော်မူ သည်ကိုတွေ့မြင်ကြသောအခါ၊ သူတို့ သည်ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။-
မှောင်မိုက်သည့်ဘဏ္ဍာတိုက်များနှင့်လျှို့ဝှက် သည့် အရပ်တွင် သိမ်းဆည်းထားသည့်ပစ္စည်းဥစ္စာရတနာ များကို သင့်အားငါပေးမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်း၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် သင့်ကိုရွေးချယ်၍ခန့်ထားတော်မူပြီ ဖြစ်ကြောင်းကိုသင်သိရှိရလိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သင်၏ရန်သူဖြစ်၏။ သင့်ရထားများကိုငါ မီးရှို့ပစ်မည်။ သင်၏စစ်သည်တပ်သားတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ သူတစ်ပါး တို့ထံမှ သင်သိမ်းယူထားသည့်ဥစ္စာပစ္စည်း မှန်သမျှကိုငါဖယ်ရှားမည်။ သင်၏သံတမန် တို့၏တောင်းဆိုသံများကိုကြားကြရ တော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။