ယေရမိ 50:36Common Language Bibleထိုပြည်၏မိစ္ဆာပရောဖက်တို့သည်သေဆုံး ရကြလိမ့်မည်။ သူတို့သည်အလွန်မိုက်မဲသူများဖြစ်၏။ ထိုပြည်၏စစ်သည်တပ်သားတို့သည် သေဆုံးရကြလိမ့်မည်။ သူတို့သည်အလွန်ကြောက်လန့်တုန်လှုပ်လျက် ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ကလည်း``မင်းကြီးသည်ဤအမှု တို့ကိုပြု၍ငါပေးသည့်အကြံကိုလျစ်လူ ရှုသဖြင့် ဘုရားသခင်သည်မင်းကြီးကို သုတ်သင်ဖျက်ဆီးရန်ကြံရွယ်တော်မူ ကြောင်းယခုငါသိရပြီ'' ဟုဆိုပြီးလျှင် ဆိတ်ဆိတ်နေလေ၏။
ဣသရေလအမျိုးသားတို့အားသန့်ရှင်းမြင့် မြတ်သည့် ဘုရားသခင်၊ သင်တို့ကိုကယ်တော်မူသောထာဝရဘုရားက ``ငါသည်သင်တို့အားကယ်ရန်စစ်သည်ဗိုလ်ခြေ တို့ကို ဗာဗုလုန်ပြည်သို့စေလွှတ်မည်။ မြို့တံခါးများကိုငါဖျက်ချမည်။ မြို့သူမြို့သားတို့၏ကြွေးကြော်သံသည် ငိုကြွေးသံအဖြစ်သို့ပြောင်းလဲသွားလိမ့်မည်။
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-