ယေရမိ 50:26Common Language Bibleထိုမြို့ကိုအဘက်ဘက်မှနေ၍တိုက်ခိုက်ကြ လော့။ စပါးကျီများကိုဖောက်ဖျက်ကြလော့။ တိုက်ခိုက်လုယက်၍ရသောဥစ္စာပစ္စည်းတို့ကို စပါးပုံများကဲ့သို့စုပုံထားကြလော့။ မြို့ ကိုသုတ်သင်ဖျက်ဆီးကြလော့။ အဘယ် အရာကိုမျှချန်လှပ်မထားကြနှင့်။- အခန်းကိုကြည့်ပါ။ |
ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။
မှောင်မိုက်သည့်ဘဏ္ဍာတိုက်များနှင့်လျှို့ဝှက် သည့် အရပ်တွင် သိမ်းဆည်းထားသည့်ပစ္စည်းဥစ္စာရတနာ များကို သင့်အားငါပေးမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်း၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် သင့်ကိုရွေးချယ်၍ခန့်ထားတော်မူပြီ ဖြစ်ကြောင်းကိုသင်သိရှိရလိမ့်မည်။
ငါ၏အမျက်တော်ကြောင့်ဗာဗုလုန်မြို့ တွင် အဘယ်သူမျှနေထိုင်ရကြလိမ့်မည် မဟုတ်။ ထိုမြို့သည်ယိုယွင်းပျက်စီးလျက် ကျန်ရစ်လိမ့်မည်။ အနီးမှဖြတ်သန်းသွား လာသူအပေါင်းတို့သည်ထိုမြို့ကြုံတွေ့ ရသည့်အဖြစ်အပျက်ကိုမြင်၍ လန့်ဖျပ် တုန်လှုပ်ကာအံ့သြ၍သွားကြလိမ့်မည်။
မြို့ပတ်လည်တွင်စစ်တိုက်သံများကိုကြွေး ကြော်ကြလော့။ ယခုဗာဗုလုန်မြို့သည် လက်နက်ချလေပြီ။ မြို့တံတိုင်းတို့သည် ကျိုးပေါက်ပြိုကျသွားလေပြီ။ ငါသည် ဗာဗုလုန်အမျိုးသားတို့အားလက်စား ချေလျက်နေသည်ဖြစ်၍ သင်တို့သည်သူတို့ အပေါ်၌လက်စားချေကြလော့။ သူတစ်ပါး တို့အားသူတို့ပြုကျင့်ခဲ့ကြသည့်အတိုင်း သူတို့အားပြုကျင့်ကြလော့။-
ထိုအခါ``သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအဘယ်မှာရှိသနည်း'' ဟူ၍ပြောင် လှောင်ကာမေးမြန်းကြသောငါတို့၏ရန်သူ များသည် ဤအမှုကိုမြင်၍အရှက်ကွဲ ကြလိမ့်မည်။ သူတို့သည်အရေးရှုံးနိမ့် သဖြင့်လမ်းပေါ်မှရွှံ့သဖွယ်နင်းချေ ခြင်းခံရကြသည်ကိုငါတို့မြင်ရလိမ့် မည်။
မိုးကောင်းကင်တွင်ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ ကောက်နှံများကိုမရိတ်မသိမ်း၊ ကျီများတွင်လည်း သိုလှောင်မှုကိုမပြု။ သို့ရာတွင်ကောင်းကင်ဘုံရှင် သင်တို့အဖသည်ထိုငှက်တို့အားကျွေးမွေးတော် မူ၏။ သင်တို့သည်ကားငှက်များထက်များစွာပို ၍မြတ်သည်မဟုတ်လော။-
လူမျိုးတကာတို့ကိုနှိမ်နင်းရန်အတွက်ကိုယ် တော်၏ခံတွင်းမှထက်သောသန်လျက်ထွက်၏။ ကိုယ်တော်သည်ထိုသူတို့ကိုသံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရား သခင်၏အမျက်တော်တည်းဟူသောစပျစ် သီးနယ်ရာကျင်းတွင်စပျစ်ရည်များကို နင်းတော်မူလိမ့်မည်။-