Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 50:25

Common Language Bible

ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​မိ​မိ​၏​လက် နက်​တိုက်​ကို​ဖွင့်​၍​လက်​နက်​များ​ကို​ထုတ် ယူ​တော်​မူ​လေ​ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော် ဗာ​ဗု​လုန်​မြို့​တွင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ ဝ​ရ​ဘု​ရား​ပြု​ရန်​အ​မှု​ရှိ​သော​ကြောင့် ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

တန်​ခိုး​ကြီး​တော်​မူ​သော​အ​ရှင်၊​ဋ္ဌား​တော်​ကို တပ်​ဆင်​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​သည်​တန်​ခိုး​တော်၊ ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​ပါ​၏။

မြား​တော်​တို့​သည်​ထက်​သည်​ဖြစ်​၍​ရန်​သူ​တို့​၏ နှ​လုံး​သား​ကို​ထိုး​ဖောက်​ပါ​၏။ လူ​မျိုး​တ​ကာ​တို့​သည်​ခြေ​တော်​ရင်း​၌​လဲ​ကြ ပါ​၏။

သူ​တို့​အ​ထဲ​မှ​အ​ဖမ်း​ခံ​ရ​သူ​တို့​သည် ဋ္ဌား​ဖြင့်​ထိုး​သတ်​ခြင်း​ကို​ခံ​ကြ​လိမ့်​မည်။-

မြို့​ပတ်​လည်​တွင်​စစ်​တိုက်​သံ​များ​ကို​ကြွေး ကြော်​ကြ​လော့။ ယ​ခု​ဗာ​ဗု​လုန်​မြို့​သည် လက်​နက်​ချ​လေ​ပြီ။ မြို့​တံ​တိုင်း​တို့​သည် ကျိုး​ပေါက်​ပြို​ကျ​သွား​လေ​ပြီ။ ငါ​သည် ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​လက်​စား ချေ​လျက်​နေ​သည်​ဖြစ်​၍ သင်​တို့​သည်​သူ​တို့ အ​ပေါ်​၌​လက်​စား​ချေ​ကြ​လော့။ သူ​တစ်​ပါး တို့​အား​သူ​တို့​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​တိုင်း သူ​တို့​အား​ပြု​ကျင့်​ကြ​လော့။-

ထာ​ဝ​ရ​ဘု​ရား​က``အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ငါ​၏​သံ​တူ၊စစ်​တိုက်​ရာ​တွင် ငါ​အ​သုံး​ပြု​သည့်​လက်​နက်​ဖြစ်​၏။ ငါ​သည်​သင့်​ကို​အ​သုံး​ပြု​၍​လူ​မျိုး​တ​ကာ​ကို ချေ​မှုန်း​ခဲ့​၏။ တိုင်း​နိုင်​ငံ​တို့​ကို​ပြို​ကွဲ​စေ​ခဲ့​၏။

အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု လုံး​ကို​ဖျက်​ဆီး​တတ်​သည့်​တောင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ငါ​ထာ​ဝ​ရ​ဘု​ရား​ကား​သင်​၏ ရန်​သူ​ဖြစ်​ပေ​သည်။ ငါ​သည်​သင့်​ကို​ဆွဲ​ကိုင် ကာ​မြေ​ပြင်​နှင့်​တစ်​ညီ​တည်း​ဖြစ်​စေ​မည်။ သင့်​အား​ပြာ​ပုံ​ဆိုက်​စေ​မည်။-

ငါ​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။ ထို​မြို့​၏​အ​သံ​ဗ​လံ​များ​ကို​လည်း ဆိတ်​သုဉ်း​စေ​မည်။ စစ်​သည်​ဗိုလ်​ခြေ​တို့​သည်​အ​သံ​မြည်​ဟီး​သော လှိုင်း​လုံး​များ​ကဲ့​သို့​အ​ပြင်း​ချီ​တက်​လာ​၍၊ ဆူ​ညံ​စွာ​ကြွေး​ကြော်​တိုက်​ခိုက်​ကြ​၏။

မြို့​တွင်း​၌​စစ်​ခ​ရာ​သံ​ကို​ကြား​ရ​လျှင် မြို့​သား​တို့​သည် မ​ထိတ်​လန့်​ဘဲ​နေ​လိမ့် မည်​လော။ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​ကြောင့်​သာ​လျှင် မြို့​ထဲ​သို့​ဘေး​ဒုက္ခ​ကျ​ရောက်​လာ​ရ​သည် မ​ဟုတ်​လော။

ဤ​အ​ကြောင်း​ကြောင့်​ရော​ဂါ​ဘေး၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ဘေး၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​များ​သည် သူ​၏​အ​ပေါ်​သို့​တစ်​ရက်​အ​တွင်း ကျ​ရောက်​လာ​လိမ့်​မည်။ သူ​သည်​မီး​ရှို့​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​အား တ​ရား​စီ​ရင်​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ကြောင့်​ဖြစ်​သ​တည်း'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ