Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 48:9

Common Language Bible

မော​ဘ​ပြည်​အ​တွက်​သင်္ချိုင်း​ကမ္ပည်း​ကျောက်​တိုင် စိုက်​ထူ​ကြ​လော့။ ထို​ပြည်​သည်​မ​ကြာ​မီ​ပျက်​စီး​ရ​လိမ့်​မည်။ ထို​ပြည်​ရှိ​မြို့​များ​သည်​ပျက်​စီး​၍​လူ​သူ ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင်​ခို​လှုံ ပါ​၏။ ``တိုင်း​ပြည်​ငြိမ်​ဝပ်​ပိ​ပြား​မှု​မ​ရှိ​သော​အ​ခါ သူ​တော်​ကောင်း​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ် နိုင်။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို ချောင်း​မြောင်း​ပစ်​ခတ်​ရန်​လေး​ကို​တင်​၍​မြား​ကို ချိန်​ရွယ်​လျက်​နေ​လေ​ပြီ။ ထို​ကြောင့်``တောင်​ပေါ်​သို့​ငှက်​ကဲ့​သို့ ပျံ​တက်​လော့'' ဟု ငါ့​အား​သင်​တို့​ပြော​ဆို​ကြ​သည်​မှာ​လွန်​စွာ မိုက်​မဲ​လေ​စွ​တ​ကား။

အ​ကယ်​၍​ချိုး​ငှက်​ကဲ့​သို့​ငါ့​မှာ​အ​တောင်​များ ရှိ​ခဲ့​ပါ​မူ​ငါ​သည်​အ​ဝေး​သို့​ပျံ​သွား​ကာ နား​နေ​စ​ရာ​အ​ရပ်​ကို​ရှာ​မည်။

သူ​တို့​သည်​အာ​နုန်​မြစ်​ကမ်း​ပေါ်​တွင်​စောင့် ဆိုင်း​လျက်​နေ​စဉ် အ​သိုက်​ကို​စွန့်​ခွာ​ခဲ့​ရ​သည့် ငှက်​များ​ကဲ့​သို့ ခြေ​ဦး​တည့်​ရာ​ခေါက်​တုံ့ ခေါက်​ပြန်​သွား​လာ​လျက်​နေ​ကြ​၏။

ယ​ခု​အ​ခါ​၌​ပင်​လျှင်​သင်​တို့​၏​ပြည်​သည် ယို​ယွင်း​ပျက်​စီး​ကာ​လူ​သူ​ဆိတ်​ညံ​လျက် ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ယုတ် မာ​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​ကို​သည်း​ခံ တော်​မ​မူ​နိုင်​သ​ဖြင့် ထို​ပြည်​သည်​လူ​တို့ ရှေ့​၌​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍​နေ​လေ​ပြီ။ လူ​တို့​သည်​လည်း​ထို​ပြည်​၏​အ​မည်​နာ​မ ကို​ကျိန်​စာ​အ​ဖြစ်​အ​သုံး​ပြု​ကြ​လေ​ပြီ။-

အ​ချင်း​အီ​ဂျစ်​ပြည်​သား​တို့၊ သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရန် အ​သင့် ပြင်​ဆင်​ထား​ကြ​လော့။ နော​ဖ​မြို့​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ သဲ​ကန္တာ​ရ​ဖြစ်​လိမ့်​မည်။

``မော​ဘ​ပြည်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ၏​မြို့​များ​မှ​ထွက်​ခွာ​ပြီး​လျှင် ကျောက်​ကမ်း ပါး​သို့​သွား​ရောက်​နေ​ထိုင်​ကြ​လော့။ လျှို မြောင်​အ​ကြား​တွင်​အ​သိုက်​လုပ်​တတ်​သည့် ချိုး​ငှက်​ကဲ့​သို့​ပြု​ကြ​လော့။-

ငါ​သည်​ဧ​ကန်​အ​မှန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​သည်​အ​တိုင်း မော​ဘ​ပြည်​နှင့် အမ္မုန်​ပြည်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကဲ့​သို့​သုတ်​သင်​ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့် မည်​ဖြစ်​ကြောင်း​ကျိန်​ဆို​ဖော်​ပြ​ပါ​၏။ ထို ပြည်​တို့​သည်​ဆား​မြေ​တူး​ရာ​အ​ရပ်​ဖြစ် လျက် ထာ​ဝ​ရ​ယို​ယွင်း​ပျက်​စီး​ကာ​ပေါင်း ပင်​များ​နှင့်​ဖုံး​လွှမ်း​၍​နေ​လိမ့်​မည်။ ငါ​၏ လူ​မျိုး​တော်​အ​နက်​မှ​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သူ​တို့​သည် ထို​သူ​တို့​ကို​တိုက် ခိုက်​လု​ယက်​ကာ​သူ​တို့​၏​ပြည်​ကို​သိမ်း ယူ​ကြ​လိမ့်​မည်။

အ​မျိုး​သ​မီး​သည်​တော​ကန္တာ​ရ​ရှိ​မိ​မိ​အရပ် သို့​ပျံ​သန်း​သွား​နိုင်​ရန် လင်း​ယုန်​ကြီး​၏​အ​တောင် နှစ်​ခု​ကို​ရ​ရှိ​ထား​သည်။ သူ​သည်​ထို​အ​ရပ်​တွင် သုံး​နှစ်​ခွဲ​တိုင်​တိုင် န​ဂါး​၏​ဘေး​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ပြု​စု​စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ မည်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ