Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 48:8

Common Language Bible

အ​ဘယ်​မြို့​မျှ​ဆုံး​ပါး​ပျက်​စီး​မှု​နှင့် ကင်း​လွတ်​လိမ့်​မည်​မ​ဟုတ်။ ချိုင့်​ဝှမ်း​ရော၊လွင်​ပြင်​ပါ​ပျက်​စီး​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သင်​တို့​၏​အ​မျိုး​သ​မီး​များ​အား မု​ဆိုး​မ​ဖြစ်​လျက် အ​ရေ​အ​တွက်​အား​ဖြင့်​ပင်​လယ်​ကမ်း​ခြေ သဲ​လုံး​မ​က​များ​လေ​ပြီ။ ငါ​သည်​ငယ်​ရွယ်​သူ​တို့​အား​မွန်း​တည့်​ချိန်​၌ သုတ်​သင်​ခြင်း​ဖြင့် သူ​တို့​၏​မိ​ခင်​များ​ပူ​ဆွေး​ရ​ကြ​သည်။ သူ​တို့​သည်​ရုတ်​တ​ရက်​ထိတ်​လန့်​တုန်​လှုပ်​ကာ ပူ​ပင်​သော​က​ရောက်​ရ​ကြ​လေ​ပြီ။

`ငါ​သည်​မြောက်​အ​ရပ်​မှ​လူ​မျိုး​များ​နှင့်​ငါ ၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ဆင့်​ခေါ်​ကာ ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း တို့​နှင့်​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ​ပြည်​သူ​များ မှ​လူ​မျိုး​အ​ပေါင်း​တို့​အား​တိုက်​ခိုက်​စေ​မည်။ ငါ​သည်​ယင်း​တို့​ကို​အ​ကြွင်း​မဲ့​ဖျက်​ဆီး​၍ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​စေ​သ​ဖြင့်​ရှု​မြင် ရ​သူ​တို့​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-

ဒိ​ဘုန်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊ သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​မှ သက်​ဆင်း​၍​မြေ​မှုန့်​ပေါ်​တွင်​ထိုင်​ကြ​လော့။ မော​ဘ​ပြည်​ကို​ပျက်​ပြုန်း​စေ​သော​သူ​သည် ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကာ​သင်​၏​ခံ​တပ် များ​ကို ဖြို​ဖျက်​လိုက်​လေ​ပြီ။

သူ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​လေ​ပြီ။ ဗာ​ဗု​လုန်​စစ်​သည်​တော်​တို့​သည် အ​ဖမ်း​ခံ​ရ​ကြ​၏။ သူ​တို့​၏​လေး​များ​သည်​လည်း​ကျိုး​၍​သွား ကြ​၏။ ငါ​သည်​ဒု​စ​ရိုက်​ပြု​သူ​တို့​ဆုံး​မ​တတ်​သော ဘု​ရား​ဖြစ်​၏။ ဗာ​ဗု​လုန်​မြို့​အား​ထိုက်​လျောက်​သည့်​အ​တိုင်း အ​ပြစ်​ဒဏ်​စီ​ရင်​မည်။

ထာ​ဝ​ရ​ဘု​ရား​က မိ​မိ​လူ​မျိုး​တော်​အား``သင် တို့​သည်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​ထဲ​၌​လူး​လှိမ့် ကြ​လော့။ တစ်​ဦး​တည်း​သော​သား​အ​တွက် ငို​ကြွေး မြည်​တမ်း​သ​ကဲ့​သို့​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​အား သုတ်​သင်​ဖျက်​ဆီး​ရန်​လာ​သူ​သည် ရုတ်​တ​ရက် ဝင်​ရောက်​တိုက်​ခိုက်​မည်​ဖြစ်​သော​ကြောင့်​တည်း။-

ငါ​သည်​ထို​ပြည်​၏​ကျက်​သ​ရေ​ဆောင်​ဗက် ယေ​ရှိ​မုတ်၊ ဗာ​လ​မောင်​နှင့်​ကိရ​ယ​သိမ်​မြို့ များ​အ​ပါ​အ​ဝင်​နယ်​ခြား​ခံ​တပ်​မြို့​တို့ ကို​ရန်​သူ​တို့​အား​တိုက်​ခိုက်​စေ​မည်။-

ဟေ​ရှ​ဘုန်​မြို့​နှင့်​ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့ များ​ဖြစ်​သော​ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊-

ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့​အား​လုံး​နှင့်​ဟေ​ရှ ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​မင်း​ရှိ​ဟုန် ၏​နိုင်​ငံ​တစ်​ခု​လုံး​ပါ​ဝင်​သည်။ မော​ရှေ သည်​ထို​မင်း​နှင့်​တ​ကွ​မိ​ဒျန်​မင်း​များ​ဖြစ် ကြ​သော​ဧ​ဝိ​မင်း၊ ရေ​ကင်​မင်း၊ ဇု​ရ​မင်း၊ ဟု​ရ​မင်း​နှင့်​ရေ​ဘ​မင်း​တို့​ကို​နှိမ်​နင်း​ခဲ့ လေ​သည်။ ထို​မင်း​ငါး​ပါး​တို့​သည်​ရှိ​ဟုန် မင်း​၏​သြ​ဇာ​ခံ​မင်း​များ​ဖြစ်​ကြ​သည်။-

သူ​တို့​ရ​ရှိ​သော​နယ်​မြေ​သည်(အာ​နုန်​မြစ် ဝှမ်း​န​ဖူး​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း အ​လယ်​ရှိ​မြို့​အ​ထိ​ကျယ်​ပြန့်​၍​မေ​ဒ​ဘ မြို့​နှင့်​ဒိ​ဘုန်​မြို့​အ​ကြား​ရှိ​ကုန်း​ပြင်​မြင့် တစ်​ခု​လုံး​ပါ​ဝင်​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ