ယေရမိ 44:2Common Language Bibleဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``ယေရု ရှလင်မြို့နှင့်အခြားယုဒမြို့တို့အားငါ အဘယ်သို့ကပ်သင့်စေသည်ကို သင်တို့ကိုယ် တိုင်တွေ့မြင်ခဲ့ရလေပြီ။ ထိုမြို့များသည် ယခုတိုင်အောင်ပင်ယိုယွင်းပျက်စီးကာ လူသူဆိတ်ငြိမ်လျက်ရှိကြ၏။- အခန်းကိုကြည့်ပါ။ |
ငါကလည်း``အို ထာဝရဘုရား၊ အဘယ်မျှကြာအောင်ဤသို့ဖြစ်ပျက်လျက်နေပါမည်နည်း'' ဟုလျှောက်လျှင် ကိုယ်တော်က``မြို့များပျက်စီးယိုယွင်း၍ဟာလာဟင်းလင်းဖြစ်၍နေချိန်တိုင်အောင်ဖြစ်၏။ အိမ်များတွင်လူသူကင်းမဲ့ပြီးထိုပြည်ကိုယ်တိုင်လူသူဆိတ်ငြိမ်ရာဖြစ်လျက်နေချိန်တိုင်အောင်ဖြစ်၏။-
ယခုအခါ၌ပင်လျှင်သင်တို့၏ပြည်သည် ယိုယွင်းပျက်စီးကာလူသူဆိတ်ညံလျက် ရှိ၏။ ထာဝရဘုရားသည်သင်တို့၏ယုတ် မာဆိုးညစ်သည့်အကျင့်များကိုသည်းခံ တော်မမူနိုင်သဖြင့် ထိုပြည်သည်လူတို့ ရှေ့၌စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေလေပြီ။ လူတို့သည်လည်းထိုပြည်၏အမည်နာမ ကိုကျိန်စာအဖြစ်အသုံးပြုကြလေပြီ။-
ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။