ယေရမိ 44:1Common Language Bibleထာဝရဘုရားသည်အီဂျစ်ပြည်မိဂဒေါလ မြို့၊ တာပနက်မြို့၊ နောဖမြို့နှင့်တောင်ပိုင်းဒေသ ၌ရှိသောဣသရေလအမျိုးသားအပေါင်း တို့ကိုရည်မှတ်၍ ငါ့အားဗျာဒိတ်ပေးတော် မူ၏။- အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
အီဂျစ်ပြည်၏တန်ခိုးအာဏာတည်းဟူ သောထမ်းပိုးကို ငါချိုးနှိမ်သောအခါသူ တို့ဂုဏ်ယူဝါကြွားသည့်စွမ်းရည်သတ္တိ ကိုပပျောက်စေမည်။ တာပနက်မြို့သည် မှောင်မိုက်၍နေလိမ့်မည်။ အီဂျစ်ပြည်တွင် မိုးတိမ်များအုပ်ဆိုင်းလျက်မြို့အားလုံး မှလူတို့သည်သုံ့ပန်းအဖြစ်ဖမ်းဆီး သိမ်းယူသွားခြင်းကိုခံရကြလိမ့်မည်။-