Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 40:9

Common Language Bible

ထို​အ​ခါ​ဂေ​ဒ​လိ​က``သင်​တို့​သည်​ဗာ​ဗု​လုန် အ​မျိုး​သား​တို့​အား လက်​နက်​ချ​ရန်​ကြောက်​လန့် နေ​စ​ရာ​မ​လို​ကြောင်း​သင်​တို့​အား​ငါ​က​တိ ပေး​ပါ​၏။ ဤ​ပြည်​တွင်​အ​တည်​တ​ကျ​နေ​ထိုင် ၍​ဗာ​ဗု​လုန်​ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ကြ​လော့။ သင်​တို့​အ​ဖို့​အ​စ​စ​အ​ရာ​ရာ​အ​ဆင် ပြေ​ပါ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​သူ​သည်​မိ​မိ​နား​နေ​ရာ​သည် ကောင်း​သည်​ကို​လည်း​ကောင်း၊ နေ​ထိုင်​ရာ​ပြည်​သည်​သာ​ယာ​သည်​ကို လည်း​ကောင်း​မြင်​၏။ ထို့​ကြောင့်​သူ​သည်​ဝန်​ကို​သယ်​ပိုး​ရန်​ခါး ကို​ညွှတ်​၍ ကျွန်​အ​ဖြစ်​နှင့်​အ​ဋ္ဌမ္မ​ခိုင်း​စေ​ခြင်း​ကို​ခံ​ရ​၏။

ဂေ​ဒ​လိ​က​သူ​တို့​အား``သင်​တို့​သည်​ဗာ​ဗု​လုန် အ​ရာ​ရှိ​တို့​အား ကြောက်​ရွံ့​စ​ရာ​မ​လို​ကြောင်း ငါ​က​တိ​ပြု​၏။ ဤ​ပြည်​တွင်​နေ​ထိုင်​၍​ဗာ​ဗု​လုန် ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ကြ​ပါ​လျှင် သင်​တို့​ချမ်း​သာ​ရ​လိမ့်​မည်'' ဟု​ပြော​၏။

သင်​သည်​မိ​မိ​လက်​ဖြင့်​လုပ်​ဆောင်​၍​စား​ဝတ် နေ​ရေး ဖူ​လုံ​အောင်​ရ​ရှိ​လိမ့်​မည်။ သင်​သည်​ရွှင်​လန်း​၍​ကောင်း​စား​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​လျက် အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လော့။ ပြည်​တော်​တွင်​လုံ​ခြုံ​စွာ​နေ​လော့။

သို့​သော်​အ​ကြင်​လူ​မျိုး​သည်​ဗာ​ဗု​လုန်​ဘု​ရင် ၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​၍​သူ​၏​အ​စေ ကို​ခံ​၏။ ထို​လူ​မျိုး​အား​ငါ​သည်​မိ​မိ​တို့​တိုင်း ပြည်​တွင် ထွန်​ယက်​လုပ်​ကိုင်​နေ​ထိုင်​ခွင့်​ကို​ပေး တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။

အ​ခါ​တစ်​ပါး​က​လူ​စည်​ကား​ခဲ့​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​ထီး​ကျန်​ဖြစ်​လျက် နေ​၏။ အ​ခါ​တစ်​ပါး​က​ကမ္ဘာ​၏​ဂုဏ်​ပြု​ချီး​မြှင့်​ခြင်း​ကို ခံ​ခဲ့​ရ​ဖူး​သော်​လည်း ယ​ခု​အ​ခါ​သူ​သည်​မု​ဆိုး​မ​နှင့်​တူ​တော့​၏။ မြို့​တ​ကာ​တွင်​ဂုဏ်​ကြက်​သ​ရေ​အ​ရှိ​ဆုံး​မြို့​သည် ကျွန်​ဘ​ဝ​သို့​သက်​ဆင်း​ရ​လေ​ပြီ။

ကျေး​လက်​များ​တွင်​လူ​သတ်​သ​မား​တို့ လှည့်​လည်​သွား​လာ​လျက်​နေ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​သည်​အ​သက်​စွန့်​၍ အ​စား​အ​စာ​ရှာ​ဖွေ​ရ​ကြ​ပါ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ