ယေရမိ 40:8Common Language Bibleသို့ဖြစ်၍နာသနိ၏သားဣရှမေလ၊ ကာရာ ၏သားယောဟနန်နှင့်ယောနသန်၊ တာနုမက်၏ သားစရာယ၊ နေတောဖတ်မြို့သားဧဖဲ၏သား များ၊ မာခသိမြို့သားယေဇနိတို့သည် မိမိ တို့လူများနှင့်အတူဂေဒလိရှိရာမိဇပါ မြို့သို့လာရောက်ကြ၏။- အခန်းကိုကြည့်ပါ။ |
ဤအကြောင်းကိုကြားသိကြသောအခါ အညံ့မခံအရှုံးမပေးခဲ့ကြသူယုဒတပ်မှူး များနှင့်စစ်သူရဲတို့သည် မိဇပါမြို့ရှိဂေဒလိ ထံဝင်ရောက်လာကြ၏။ ထိုတပ်မှူးများမှာ နာသနိ၏သားဣရှမေလ၊ ကာရာ၏သား ယောဟနန်၊ နေတောဖတ်မြို့သားတာနုမက် ၏သားစရာယနှင့်မာခသိမြို့သားယေ ဇနိတို့ဖြစ်ကြ၏။-
သို့ရာတွင်သတ္တမလသို့ရောက်သောအခါမင်း မျိုးမင်းနွယ်ဖြစ်သူ ဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ ဣရှမေလသည်လူတစ်ကျိပ်နှင့်မိဇပါ မြို့သို့သွားပြီးလျှင် ဂေဒလိကိုလုပ်ကြံလေ သည်။ သူသည်ဂေဒလိနှင့်အတူရှိနေသည့် ဣသရေလအမျိုးသားများနှင့် ဗာဗုလုန် အမျိုးသားတို့ကိုလည်းသတ်ဖြတ်လိုက်၏။-
အောက်ဖော်ပြပါမြို့တို့တွင်နေထိုင်ခဲ့သူဘိုးဘေးများမှ ဆင်းသက်ပေါက်ဖွားလာသောသူများသည်လည်းပြန်လာကြလေသည်။ ဗက်လင်မြို့နှင့်နေတောဖမြို့ ၁၈၈ အာနသုတ်မြို့ ၁၂၈ ဗေသာဇမာဝက်မြို့ ၄၂ ကိရယက်ယာရိမ်မြို့၊ခေဖိရမြို့နှင့် ဗေရုတ်မြို့ ၇၄၃ ရာမမြို့နှင့်ဂါဗမြို့ ၆၂၁ မိတ်မတ်မြို့ ၁၂၂ ဗေသလနှင့်အာဣမြို့ ၁၂၃ အခြားနေဗောမြို့ ၅၂ အခြားဧလံမြို့ ၁၂၅၄ ဟာရိမ်မြို့ ၃၂၀ ယေရိခေါမြို့ ၃၄၅ လောဒမြို့၊ ဟာဒိဒ်မြို့နှင့်သြနောမြို့ ၇၂၁ သေနာမြို့ ၃၉၃၀
အရှင်မင်းကြီး၊ အကျွန်ုပ်၏စကားကိုနား ထောင်တော်မူ၍ အကျွန်ုပ်လျှောက်ထားသည့် အတိုင်းပြုတော်မူရန်အကျွန်ုပ်ပန်ကြား ပါ၏။ အကျွန်ုပ်အားအရှင်၏အတိုင်ပင်ခံ အမတ်ယောနသန်၏အိမ်သို့ပြန်လွှတ် တော်မမူပါနှင့်။ လွှတ်တော်မူမည်ဆိုပါ မူအကျွန်ုပ်သည်ထိုအိမ်တွင်အမှန်ပင် သေရပါလိမ့်မည်'' ဟုလျှောက်၏။
ဤအတောအတွင်း၌ဗာဗုလုန်ဘုရင်သည် ဣသရေလအမျိုးသားအချို့ကို ယုဒပြည် တွင်နေထိုင်ခွင့်ပြု၍ရှာဖန်၏မြေး၊ အဟိကံ ၏သားဂေဒလိကိုဘုရင်ခံအဖြစ်ခန့်ထား တော်မူကြောင်းမောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံ ပြည်နှင့်အခြားတိုင်းပြည်များရှိဟေဗြဲ အမျိုးသားအပေါင်းတို့ကြားသိကြလေ သည်။-
ထိုအခါယောဟနန်က``အကျွန်ုပ်အား၊ ဣရှ မေလကိုသွား၍သတ်ခွင့်ပြုပါ။ သတ်သော သူကိုမည်သူမျှသိလိမ့်မည်မဟုတ်ပါ။ သူ့ အားအဘယ်ကြောင့်အရှင့်ကိုသတ်ခွင့်ပေး ရပါမည်နည်း။ ဤသို့ပြုပါမူအရှင့်ထံ သို့လာရောက်စုဝေးနေကြသည့်ယုဒ အမျိုးသားတို့သည် ကွဲလွင့်၍သွားကာ ယုဒပြည်တွင်ကျန်ရစ်သူအပေါင်းတို့ သည် ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရကြ ပါလိမ့်မည်'' ဟုတိတ်တဆိတ်လျှောက် ထား၏။