Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 4:17

Common Language Bible

သူ​တို့​သည်​လယ်​စောင့်​ကင်း​သ​မား​များ​ကဲ့​သို့ ထို​မြို့​တို့​ကို​ဝိုင်း​ရံ​ထား​ကြ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ယု​ဒ​ပြည်​သည် ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကြောင့်​ဖြစ်​၏။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​တော်​မူ​သော​စ​ကား​ပင်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

``သို့​ရာ​တွင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ပုန်​ကန်​ကာ​ကိုယ်​တော်​၏​စ​ကား​ကို နား​မ​ထောင်​ကြ​ပါ။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တ​ရား​တော်​ကို ပစ်​ပယ်​ကြ​ပါ​၏။ မိ​မိ​တို့​အား​သ​တိ​ပေး​သူ၊ မိ​မိ​တို့​အား ကိုယ်​တော်​ထံ​ပြန်​လာ​ရန် ပြော​ကြား​သူ​ပ​ရော​ဖက်​များ​အား သတ်​ဖြတ်​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​အား​အ​ကြိမ်​ကြိမ် စော်​ကား​ကြ​ပါ​၏။

ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နှစ်​ပြီး​တစ်​နှစ် သည်း​ခံ​၍​သ​တိ​ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​နှိုး​ဆော်​သူ​ပ​ရော​ဖက်​များ​က ပြော​ဆို​ဆုံး​မ​ကြ​သော်​လည်း ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​နား​ပင်း​လျက် နေ​ကြ​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​လူ​မျိုး​ခြား​တို့​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​နှိမ်​နင်း​ခွင့် ပေး​တော်​မူ​ပါ​၏။

အ​ဝိုင်း​ခံ​လျက်​နေ​ရ​သည့်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​သာ​လျှင်​ကျန်​တော့​၏။ ထို​မြို့​ကား​မိ​မိ​အ​တွက်​ခု​ခံ​ကာ​ကွယ်​နိုင်​စွမ်း​မ​ရှိ​သည့်​စ​ပျစ်​ဥ​ယျာဉ်​အ​စောင့်​တဲ​ကဲ့​သို့​လည်း​ကောင်း၊ သ​ခွား​တောင်​ယာ​တဲ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၍​နေ​၏။

သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​အ​မြဲ​တ​စေ ပုန်​ကန်​လျက်၊ အ​မြဲ​တ​စေ​လိမ်​လည်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​နာ​ယူ ရန်​အ​မြဲ​တ​စေ​ငြင်း​ဆန်​လျက်​နေ​ကြ​၏။-

သို့​ရာ​တွင်​အ​ချင်း​လူ​တို့၊ သင်​တို့​သည်​ခေါင်း​မာ​ပုန်​ကန်​ကာ​လမ်း​လွဲ​၍​ငါ​၏​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လေ​ပြီ။-

ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​န​ဝ​မ​နှစ်၊ ဒ​သ​မ​လ၊ ဆယ်​ရက်​နေ့​၌​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ​၏​စစ်​သည်​တပ် သား​အ​ပေါင်း​တို့​နှင့်​အ​တူ​ယေ​ရု​ရှ​လင် မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​၏။ သူ​တို့ သည်​မြို့​ပြင်​တွင်​တပ်​စ​ခန်း​ချ​၍​မြို့​ပတ် လည်​တွင်​မြေ​က​တုတ်​များ​ကို​ဖို့​လုပ်​ကြ​၏။-

``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​မျှ​တ​တော်​မူ​ပါ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​ကို​လွန်​ဆန်​ခဲ့​သော​ကြောင့်​တည်း။ အ​ရပ်​တ​ကာ​ရှိ​လူ​တို့​ငါ​ပြော​ဆို​သည်​ကို နား​ထောင်​ကြ​လော့။ ငါ​၏​ဝေ​ဒ​နာ​ကို​ကြည့်​ရှု​ကြ​လော့။ ငါ​၏​သား​ပျို​သ​မီး​ပျို​တို့​သည်​သုံ့​ပန်း အ​ဖြစ် ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။''

သူ​၏​ဂုဏ်​အ​သ​ရေ​ကင်း​မဲ့​ရ​လေ​ပြီ။ အ​ဝတ်​အ​ချည်း​စည်း​နှင့်​စက်​ဆုတ်​ရွံ​ရှာ​ဖွယ် ဖြစ်​၍​နေ​၏။ သူ​သည်​ညည်း​တွား​ကာ​ရှက်​သ​ဖြင့်​မျက်​နှာ​ကို အုပ်​၍​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​ဆိုး​ရွား​သည့်​အ​ပြစ် ဒု​စ​ရိုက်​အား​ဖြင့်​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း စေ​ခဲ့​၏။

သင်​တို့​သည်​ငါ​စ​တင်​သိ​ကျွမ်း​သည့်​အ​ချိန်​မှ စ​၍ ယ​နေ့​အ​ထိ​ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန် ခဲ့​ကြ​၏။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ