ယေရမိ 4:16Common Language Bibleသူတို့သည်ရပ်ဝေးဒေသမှရန်သူများချီ တက်လာနေကြောင်းလူမျိုးတကာတို့အား သတိပေး၍ ယေရုရှလင်မြို့ကိုကြားပြော ကြလေသည်။ ရန်သူတို့သည်ယုဒမြို့များ အားကြိမ်းမောင်းသံပြုကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ဆင်းရဲချမ်းသာမရွေးပြည်သူတို့သည်သေ ကြလိမ့်မည်။ သို့ရာတွင်အဘယ်သူမျှသူ တို့အားသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ သူတို့ အတွက်လည်းငိုကြွေးမြည်တမ်းကြလိမ့် မည်မဟုတ်။ ဝမ်းနည်းမှုကိုပြသည့်အနေ နှင့်မည်သူမျှမိမိကိုယ်ကိုအနာတရ ဖြစ်စေခြင်း၊ ခေါင်းရိတ်ခြင်းပြုကြမည် မဟုတ်။-
``အို လူမျိုးတကာတို့၊ငါထာဝရဘုရား မိန့်တော်မူ သည်ကိုနားထောင်၍ ငါ၏ဗျာဒိတ်တော်တို့ကိုရပ်ဝေးဒေသ များသို့ ကြွေးကြော်ကြလော့။ ဣသရေလအမျိုးသားတို့အားကွဲလွင့်စေသူ ငါသည်သူတို့ကိုစုသိမ်းမည်။ သိုးထိန်းသည်မိမိ၏သိုးစုကိုစောင့်ထိန်း သကဲ့သို့ သူတို့ကိုငါစောင့်ထိန်းမည်။
ဤအကြောင်းကြောင့်တောမှခြင်္သေ့တို့သည်သူတို့ကိုကိုက်သတ်ကြလိမ့်မည်။ သဲကန္တာရမှဝံပုလွေတို့သည်သူတို့အားအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ ကျားသစ်တို့သည်လည်းသူတို့၏မြို့များအနီးတွင် စောင့်ကာမြို့ပြင်သို့ထွက်လာသူမှန်သမျှကိုအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည်အပြစ်များသူများဖြစ်သည့်ပြင် ဘုရားသခင်ကို၊အကြိမ်ကြိမ်အဖန်ဖန်ကျောခိုင်းခဲ့ကြသောကြောင့်ဖြစ်၏။
``ဗာဗုလုန်မြို့သည်ကျဆုံးလေပြီ။ ထိုမြို့ ၏မေရောဒပ် ဘုရားသည်လည်းကျိုးပဲ့ကြေမွ၍သွားလေပြီ။ ဗာဗုလုန်မြို့ရှိစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ရုပ်တုများသည် အရှက်ကွဲလျက်ချေမှုန်းခြင်းကိုခံရကြပါသည် တကား။ ဤသတင်းကိုထိုလူမျိုးတကာတို့အား ပြောကြားကြေညာလော့။ အချက်ပြအလံဟူ၍ကြော်ငြာလော့။ ထိုသတင်းကိုလျှို့ဝှက်၍မထားနှင့်။
နားထောင်ကြလော့။ အလွန်ဝေးသော တစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။ ``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။ ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော'' သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊ ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
ထိုအခါ`ယေရုရှလင်' ဟုရေးမှတ်ထားသော နိမိတ်ပြမြားသည် သူ၏ညာဘက်လက်တွင်း သို့ရောက်ရှိ၏။ ထိုမြားကသူ့အားမြို့ရိုးဖြို ရန်တုံးမောင်းများကိုသွားရောက်တပ်ဆင်ကာ သတ်ရန်အမိန့်ပေးလျက်စစ်တိုက်သံများ ကိုကြွေးကြော်ရန်လည်းကောင်း၊ တံခါးထု ဖွင့်ရန်တုံးမောင်းကိုလည်းကောင်း မြေကတုတ် များဖို့၍ကတုတ်ကျင်းများကိုတူးရန် လည်းကောင်းညွှန်ပြ၏။-