ငါသည်နန်းတော်ဝင်းအတွင်း၌ အကျဉ်းခံ နေရစဉ်ထာဝရဘုရားသည်ငါ့အား ဗျာဒိတ်ပေးတော်မူ၏။-
ထိုသူတို့သည်ငါ့အားပြင်းစွာအမျက်ထွက် သဖြင့်ရိုက်နှက်ပြီးလျှင် ဘုရင်အတိုင်ပင်ခံ အရာရှိယောနသန်၏အိမ်တွင်အကျဉ်းချ ထားကြ၏။ (ထိုအိမ်ကိုထောင်အဖြစ်သို့ ပြောင်းလဲ၍ထားသတည်း။-)
ထို့ကြောင့်ဇေဒကိမင်းသည်ငါ့အားနန်း တော်ဝင်းအတွင်း၌ချုပ်နှောင်ထားရန်အမိန့် ပေးတော်မူ၏။ ငါသည်မြို့တွင်း၌မုန့်များ ကုန်သည်အထိမုန့်ဖိုများမှနေ့စဉ်နေ့တိုင်း မုန့်တစ်လုံးကိုရရှိလေသည်။ ဤသို့လျှင် ငါသည်နန်းတော်ဝင်းအတွင်း၌နေရ သတည်း။
ထိုနောက်သူတို့သည်ငါ့အားကြိုးများဖြင့် ဆွဲ၍ရေတွင်းထဲမှကယ်ဆယ်လိုက်ကြ၏။ ထိုနောက်ငါသည်နန်းတော်ဝင်းအတွင်း၌ နေရလေသည်။
ငါသည်လည်းရန်သူ့လက်သို့ယေရုရှလင် မြို့ကျရောက်သည့်နေ့တိုင်အောင် နန်းတော် ဝင်းအတွင်း၌နေရလေတော့သည်။
ငါ့အားနန်းတော်ဝင်းအတွင်းမှခေါ်ယူကြ၏။ ထိုနောက်သူတို့သည်ငါ့အားဘေးမဲ့လုံခြုံ စွာအိမ်သို့ပြန်လည်ပို့ဆောင်စေရန်ရှာဖန် ၏မြေး၊ အဟိတံ၏သားဂေဒလိ၏လက်သို့ ပေးအပ်ကြ၏။ သို့ဖြစ်၍ငါသည်မိမိ၏ အမျိုးသားများနှင့်အတူတစ်ဖန်နေထိုင် ရလေသည်။
ငါသည်ထိုသတင်းကောင်းအတွက်ကြောင့် ရာဇဝတ်ကောင်ကဲ့သို့ဒုက္ခရောက်လျက်ရှိ၏။ သံကြိုးများနှင့်ပင်အချည်အနှောင်ခံရ၏။ သို့သော်ဘုရားသခင်၏နှုတ်ကပတ်တော် မူကားချုပ်နှောင်မှုနှင့်ကင်းလွတ်၏။-