ယေရမိ 39:14Common Language Bibleငါ့အားနန်းတော်ဝင်းအတွင်းမှခေါ်ယူကြ၏။ ထိုနောက်သူတို့သည်ငါ့အားဘေးမဲ့လုံခြုံ စွာအိမ်သို့ပြန်လည်ပို့ဆောင်စေရန်ရှာဖန် ၏မြေး၊ အဟိတံ၏သားဂေဒလိ၏လက်သို့ ပေးအပ်ကြ၏။ သို့ဖြစ်၍ငါသည်မိမိ၏ အမျိုးသားများနှင့်အတူတစ်ဖန်နေထိုင် ရလေသည်။ အခန်းကိုကြည့်ပါ။ |
ဟိလခိ၊ ရှာဖန်၊ အဟိကံ၊ အာခဗော်နှင့်အ သဟိတို့သည် ယေရုရှလင်မြို့သစ်တွင်နေ ထိုင်သူဟုလဒနာမည်ရှိ အမျိုးသမီး ပရောဖက်ထံသို့သွားရောက်၍စုံစမ်းမေးမြန်း ကြရာ (ထိုအမျိုးသမီး၏ခင်ပွန်းမှာဟရ ဟတ်၏မြေး၊ တိကဝ၏သားရှလ္လုံဖြစ်၍သူ သည် ဗိမာန်တော်ဆိုင်ရာဝတ်လုံများကိုတာဝန် ယူထိန်းသိမ်းရသူဖြစ်၏။-)
တပ်မှူးနေဗုဇာရဒန်သည်ငါ့အားရာမမြို့ တွင်အနှောင်အဖွဲ့မှဖြေလွှတ်ပြီးသောအခါ ထာဝရဘုရားသည်ငါ့ကိုဗျာဒိတ်ပေးတော် မူ၏။ ငါသည်ဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ်ဆောင် လာသော အခြားယေရုရှလင်မြို့သူမြို့သား များ၊ ယုဒပြည်သားများနှင့်အတူထိုမြို့ သို့လိုက်ပါလာခဲ့ရလေသည်။
ငါပြန်လည်မဖြေကြားသောအခါနေဗုဇာ ရဒန်သည် ဆက်လက်၍``ယုဒမြို့များအတွက် ဘုရင်ခံအဖြစ်ဗာဗုလုန်ဘုရင်ခန့်ထားခဲ့ သူရှာဖန်၏မြေး၊ အဟိရံ၏သားဂေဒလိထံ သို့ပြန်၍သူနှင့်အတူပြည်သူတို့အထဲတွင် နေထိုင်ပါလော့။ သို့မဟုတ်လျှင်လည်းမိမိ သွားသင့်သည်ဟုထင်သည့်အရပ်သို့သွား ပါလော့'' ဟုဆို၏။ ထိုနောက်သူသည်လက် ဆောင်နှင့်ရိက္ခာအချို့ကိုယူဆောင်သွားရန် ပေးအပ်ပြီးလျှင်ငါ့အားခရီးပြုစေ၏။-
ယုဒတပ်မတော်အရာရှိအချို့နှင့်စစ်သူရဲ အချို့တို့သည်လက်နက်မချခဲ့ကြချေ။ သူ တို့သည်အဟိကံ၏သားဂေဒလိကိုဗာဗု လုန်ဘုရင်ခံအဖြစ်ခန့်ထားပြီးလျှင် ဗာဗုလုန် မြို့သို့သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းမခံရကြ သူတို့အားအုပ်စိုးစေတော်မူကြောင်းကြားသိ ကြ၏။ ဤသူတို့ကားတိုင်းပြည်တွင်အဆင်းရဲ ဆုံးသောသူများဖြစ်သတည်း။-