ယေရမိ 32:9Common Language Bibleဟာနမေလထံမှလယ်ကိုဝယ်ယူကာသူ့ အားငွေကိုချိန်တွယ်၍ပေး၏။ လယ်ဖိုးငွေ သားမှာတစ်ဆယ့်ခုနစ်ခုဖြစ်သတည်း။- အခန်းကိုကြည့်ပါ။ |
မင်းကြီးကြွလာတော်မူသောအခါပရော ဖက်က``အရှင်မင်းကြီး၊ အကျွန်ုပ်သည်တိုက်ပွဲ ဝင်လျက်နေစဉ် စစ်သားတစ်ယောက်သည်ရန်သူ သုံ့ပန်းတစ်ဦးကိုအကျွန်ုပ်ထံအပ်၍`ဤသူကို ထိန်းသိမ်းထားလော့။ အကယ်၍ထိုသူထွက်ပြေး သွားပါက သင်သည်သူ၏အသက်အစားမိမိ ၏အသက်ကိုပေးလျော်ရမည်။ သို့မဟုတ်လျှင် လည်းငွေသားသုံးထောင်ဒဏ်ဆောင်ရမည်' ဟု မှာကြားခဲ့ပါ၏။-
ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-
အစာအာဟာရမဖြစ်သည့်အရာအတွက် အဘယ်ကြောင့်ငွေအကုန်အကျခံကြပါ မည်နည်း။ သင်၏လုပ်အားခများကိုအကုန်ခံကာ အဘယ်ကြောင့်မွတ်သိပ်လျက်နေကြပါ မည်နည်း။ ငါ့စကားကိုနားထောင်လျက်၊ငါပြောသည့်အတိုင်း ပြုလုပ်ကြပါမူ သင်တို့သည်အမွန်မြတ်ဆုံးသောအစားအစာ များကို စားသောက်ရကြလိမ့်မည်။