Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 32:8

Common Language Bible

ထို​နောက်​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ပင်​လျှင် ငါ့​ညီ​ဟာ​န​မေ​လ​သည်​ငါ​ရှိ​ရာ​အ​ချုပ် ထောင်​ဝင်း​အ​တွင်း​သို့​လာ​၍``ဗင်္ယာ​မိန်​နယ်​မြေ တွင်း​ရှိ​ဒေ​သ​တွင်​ရှိ​သည့်​အ​ကျွန်ုပ်​၏​လယ် မြေ​ကို​ဝယ်​ယူ​ပါ။ သင်​သည်​အ​ကျွန်ုပ်​နှင့်​အ​နီး ဆုံး​ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် ထို​မြေ​ကို​ဝယ်​ယူ သိမ်း​ပိုက်​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု​ဆို​၏။ ထို​အ​ခါ ငါ​သည်​ဤ​အ​မှု​ကို​ပြု​ရန်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​ထား​တော်​မူ​သည်​ကို​သိ​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို့​နောက်​ရှော​လ​မုန်​မင်း​သည် ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား``အာ​န​သုတ်​မြို့​ရှိ​သင်​၏ ကျေး​လက်​နေ​အိမ်​သို့​သွား​လော့။ သင်​သည် သေ​ဒဏ်​ခံ​ထိုက်​သူ​ဖြစ်​ပေ​သည်။ သို့​ရာ​တွင် သင်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ၊ မင်း​ကြီး​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​ကို​ခံ​ခဲ့​သူ​ဖြစ်​သ​ဖြင့် ယ​ခု​သင့်​အား​ငါ​မ​သတ်​လို​ပြီ'' ဟု မိန့်​တော်​မူ​၏။-

မိက္ခာ​က​လည်း``သင်​ပုန်း​အောင်း​ရန်​အ​တွက်​အ​တွင်း ခန်း​တစ်​ခု​ခု​သို့​ဝင်​သော​အ​ခါ​၌​သိ​ရ​ပါ​လိမ့် မည်'' ဟု​ပြန်​ပြော​လေ​သည်။

သူ​တို့​သည်​င်္ဗယာ​မိန်​နယ်​မှ​ဂေ​ဗ၊ အာ​လ​မက်၊ အာ​န​သုတ်​မြို့​များ​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း များ​ကို​လည်း​ရ​ရှိ​ကြ​၏။ ဤ​သို့​လျှင်​သူ​တို့ ၏​အိမ်​ထောင်​စု​အား​လုံး​နေ​ထိုင်​ရန်​အ​တွက် စု​စု​ပေါင်း​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို​ရ​ရှိ​ကြ လေ​သည်။-

ဤ​ကျမ်း​စာ​တွင် ယေ​ရ​မိ​မြွက်​ဟ​ပြော​ဆို ချက်​တို့​ကို​ဖော်​ပြ​ထား​လေ​သည်။ သူ​သည် ဗင်္ယာ​မိန်​နယ်​မြေ၊ အာ​န​သုတ်​မြို့​ရှိ​ယဇ်​ပု​ရော ဟိတ်​တစ်​ပါး​ဖြစ်​သူ​ဟိ​လ​ခိ​၏​သား​ဖြစ် သည်။-

ထို​အ​ခါ​၌​ဗာဗု​လုန်​မင်း​၏​တပ်​မ​တော်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လျက်​ရှိ​၏။ ငါ သည်​လည်း​ဘု​ရင့်​နန်း​တော်​ဝင်း​အ​တွင်း​၌ အ​ချုပ်​ခံ​လျက်​နေ​ရ​၏။-

သို့​ရာ​တွင် အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ဤ​မြို့​ကို​ဗာ​ဗု​လုန်​ပြည်​သား​တို့​သိမ်း​ပိုက် အံ့​ဆဲ​ဆဲ​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန် တော်​မျိုး​အား​အ​သိ​သက်​သေ​များ​ရှေ့​တွင် လယ်​မြေ​ကို​ဝယ်​ယူ​ရန်​အ​မိန့်​ပေး​တော် မူ​ပါ​သည်​တ​ကား'' ဟု​လျှောက်​လေ​၏။

ငါ​သည်​ထောင်​ဝင်း​အ​တွင်း​တွင်​အ​ချုပ်​ခံ​ရ လျက်​ပင်​ရှိ​နေ​သေး​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​အား​တစ်​ဖန်​ဗျာ​ဒိတ်​ပေး​တော်​မူ ပြန်​၏။-

ထို​အ​ခါ​ငါ​ယေ​ရ​မိ​သည်​မိ​မိ​အိမ်​ထောင်​စု နှင့်​ဆိုင်​သော​အ​မွေ​ခံ​ပစ္စည်း​ကို​သိမ်း​ယူ​ရန် ယေ​ရု​ရှ​လင်​မြို့​မှ​ဗင်္ယာ​မိန်​နယ်​မြေ​သို့ စ​တင်​ထွက်​ခွာ​သွား​လေ​သည်။-

ငါ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​၏။ ထို​နေ့​၌​ဒုက္ခ​သည်​တစ်​ဦး​ကဲ့​သို့​ငါ​သည် အ​ထုပ်​အ​ပိုး​ကို​ယူ​ပြီး​နောက်​ည​နေ​ချိန်​မှောင် စ​ပြု​သော​အ​ခါ အိမ်​နံ​ရံ​ကို​လက်​ဖြင့်​တူး ဖောက်​ကာ​ထို​သူ​တို့​၏​ရှေ့​တွင်​အ​ထုပ်​ကို ပ​ခုံး​ပေါ်​သို့​တင်​၏။

ဤ​သို့​လျှင်​ပ​ဋိ​ညာဉ်​တော်​သည်​ထို​နေ့​၌ ပျက်​ပြား​၍​သွား​လေ​တော့​၏။ သိုး​များ ကို​ဝယ်​ယူ​ရောင်း​ချ​သူ​တို့​သည်​ငါ့​အား စောင့်​၍​ကြည့်​နေ​ကြ​၏။ သူ​တို့​သည်​ငါ​၏ အ​ပြု​အ​မူ​အား​ဖြင့်​ထာ​ဝ​ရ​ဘုရား​ဗျာ ဒိတ်​ပေး​တော်​မူ​လျက်​ရှိ​ကြောင်း​ကို​သိ ကြ​၏။-

ထို​အ​ခါ​ဖ​ခင်​ဖြစ်​သူ​သည်​ထို​အ​ချိန်​ကား `သင့်​သား​သည်​အ​သက်​ရှင်​လိမ့်​မည်' ဟု​သ​ခင် ယေ​ရှု​မိန့်​တော်​မူ​သော​အ​ချိန်​ပင်​ဖြစ်​ကြောင်း ကို​သ​တိ​ရ​လေ​သည်။ သို့​ဖြစ်​၍​သူ​နှင့်​တ​ကွ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား​ယုံ​ကြည်​လာ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ